Chapter12

4.7K 460 7
                                    

(zawgyi)

" Jungkook  မင်းအဆင်ပြေရဲ့လား "

အိမ်ယာပေါ်မှာ လဲနေတဲ့ Taehyungကို မသက်သာစွာကြည့်နေတဲ့ Jungkookက jiminရဲ့ အမေးစကားကို ခေါင်းငြိမ့်ပြသည်။

မို့မောက်နေသော မျက်ခွံတို့က Jungkookငိုထားကြောင်း သက်သေပြနေသည်။

" သူ့ကို ဂရုစိုက်ပြီး ကြည့်ထားပါ နောက်တစ်ခါ ရေချိုးခန်းထဲ ၀င်ရင် အရမ်းမကြာစေနဲ့ "

အအေးပတ်ပြီး နေမကောင်းဖြစ်ကာ အိပ်ယာပေါ်လဲနေတဲ့ TaeHyungကိုကြည့်ကာ Jungkook စကားပြောနေသည်။ ဒီခပ်ဆိုးဆိုးကောင်လေးက စိတ်လိုက်မာန်ပါ သိပ်လုပ်တတ်တာ။  အိမ်မှာ  နားနေတုန်း jiminဆီမှ Taehyungဖျားနေတယ်ဆိုတဲ့ စကားကြားတော့ အရမ်းစိတ်ပူခဲ့တာ။ စိတ်ပူလည်း မင်းက ငါနဲ့နောက်ေို မသက်ဆိုင်တော့မဲ့ လူသားပဲ။

" Jungkook သူ့မာမီနဲ့ ဒယ်ဒီကလည်း အစည်းဝေးရှိလို့သွားပြီ။ သူ့ညီမလည်း cafeကိုသွားပြီ ငါလည်း cafeကိုသွားတော့မှာ မင်းကDuty offဆိုတော့ ခဏစောင့်ပေးပါနော် "

အကူညီတောင်းသလို ပြောလာတဲ့Jiminကို သူခေါင်းငြိမ့်ပြလိုက်သည်။ အမှန်ဆို ဒီနေ့dutyရှိသည်။ နေမကောင်းတဲ့ ကောင်လေး တစ်ခုခုထပ်ဖြစ်မှာဆိုးတာကြောင့် ခွင့်ယူလိုက်ခြင်းပေ။

ဝတ်ထားတဲ့ မျက်မှန်အ၀ိုင်းလေးကို ချွတ်ပြီး စားပွဲခုံပေါ်တင်လိုက်သည်။ မင်း လှေကားပေါ်က ပြုတ်ကျခဲ့တာကိုပဲ ကျေးဇူးတင်ရမလား။ အဲ့နေ့က မင်းသာဒီလိုမဖြစ်ခဲ့ရင် အခုချိန် မင်းမချစ်တဲ့ ငါနဲ့ လက်ထပ်ထားရမှာ။

တွေးမိတိုင်း ကျဆင်းလာတဲ့ မျက်ရည်တို့ကို လက်ခုံဖြင့်ဖိသုတ်လိုက်သည်။ ငါဒီတစ်ခါတော့ အနိုင်လိုချင်တယ်Taehyungရယ်။

                                       ~•~•~•~•~•~•

ိမျက်လုံးအစုံကို ဖြေးညှင်းစွာ ဖွင့်လိုက်တော့ မျက်နှာကျက်အနက်ရောင်ကို မြင်လိုက်ရသည်မို့ သူ့အိပ်ခန်းဆိုတာ တပ်အပ်သိသည်။ ဘေးဘီကို ကြည့်မိတော့ မျက်မှန်အ၀ိုင်းလေးတပ်ကာ သူ့စာကြည့်စားပွဲတွင် လက်ကလေး တင်ကာ အိပ်ပျော်နေသော jungkook။

အိပ်နေရာမှ ဘေးတစ်စောင်းလှည့်လိုက်ပြီး စာကြည့်စားပွဲပေါ်မှာ အိပ်ပျော်နေတဲ့ ချစ်သူကို ငေးကြည့်နေလိုက်သည်။ သူနေမကောင်းတိုင်း သူ့လက်ကိုကိုင်ကာ အိပ်တတ်တဲ့ ဆရာဝန်လေးက အခုတော့  စားပွဲခုံပေါ်မှာ အိပ်နေသည်မို့ သေချာပေါက် လက်ထပ်ပွဲကို ဖျက်ချင်နေတာပဲ။

Limited Edition ( Completed )Where stories live. Discover now