(zawgyi)
" အား! ဘာလို့ဖုန်းမခေါ်သေးရတာလဲ! "
နေကောင်းသွားပြီဖြစ်တဲ့ Jeonကို စိတ်ကောက်ရတာက အမြဲလွယ်လွန်းသော်လည်း ဒီတစ်ခေါက်တော့ တော်တော်ခက်နေပြီ။
သူစိတ်ကောက်တိုင်း ဆေးရုံကနေ Duty coatလေးနဲ့ အပြေးလာချော့တတ်တဲ့ ယုန်ပေါက်လေးကတော့ ဒီနေ့ သူစိတ်ကော်နေမှန်းသိတာတောင် အခုထိ ဖုန်းတစ်ချက်မဆက်သေးဘူး။
" TaeHyung မင်း ကုမ္ပဏီမသွားဘူးလား အောက်မှာAppaစောင့်နေတယ် အစည်းဝေးရှိလို့တဲ့ "
" အာ… ခေါင်းမူးနေလို့ မတက်တော့ဘူးပြောလိုက် "
တံခါးဝကနေ အော်ပြောနေတဲ့ Jiminကို သူပြန်အော်လိုက်သည်။ သူ့စိတ်ထင် Jeonကတကယ်ပဲ သူ့ကိုစိတ်ကုန်သွားတာလား။
ပုံမှန်ဆို တော်ရုံနဲ့ ဒေါသမထွက်တဲ့ Jeonက အခုတော့ ဖုန်းတောင်မဆက်သည်မို့ တကယ်လည်း ဝမ်းနည်းရသည်။
*အချစ်*
Jeonဘက်မှ ဖုန်းမခေါ်သည့်အတွက် သူဘက်ကပဲစပြီး ဖုန်းထဲမှာ တသီးတခြားမှတ်ထားတဲ့ ဖုန်းနံပါတ်လေးကို ခေါ်လိုက်သည်။
" Mr.Kim ကျွန်တော်အခု မအားသေးလို့ နောက်မှ… "
" Jeon… ကိုယ်ပြောစရာရှိတယ် ဆေးရုံကိုခဏနေလာခဲ့မယ် "
စိတ်တိုတတ်လွန်းတဲ့ အကောက်ပေါက် ဖုန်းမချခင် သူ့ဘက်မှ ဦးအောင်ချလိုက်သည်။ ပြန်စဉ်းစားကြည့်တော့ ဖုန်းပြောတိုင်း အမြဲသူ့ဘက်ကပဲ ဦးအောင်ချတတ်သည်။
အိမ်နေရင်း ချည်အကျီင်္ အပါးလေးကို အပေါ်မှ Long Coatတစ်ထည် ထပ်ဝတ်လိုက်ပြီး ကားသော့ယူကာ အောက်ထပ်ဆင်းလာလိုက်သည်။
TVရှေ့ထိုင်ပြီး ရုပ်ရှင်ကြည့်နေတဲ့ အငယ်မ မမြင်အောင် ကုတ်ချောင်းကုတ်ချောင်းနှင့် အိမ်ပြင်ထွက်လာခဲ့သည်။ အငယ်မမြင်ရင် Appaနဲ့ တိုင်ဦးမှာ…
~•~•~•~•
" ဒါဆို ကျွန်တော် ဒီနေ့စောစော ပြန်မယ်နော် "
ဆေးကောင်တာမှ အစ်မတွေကို နှုတ်ဆက်ပြီးထွက်လာတော့ ဆေးရုံအဝင်ဝမှာ ပြိုင်ကားအနီရောင်ကို မှီပြီးဖုန်းကြည့်နေတဲ့ KimTaeHyung။ ဘာမှန်းမသိ တွေ့သည်နဗင့် ရင်ခုန်တတ်သော ကိုယ့်ကိုကိုယ်လည်း မုန်းမိသည်။
YOU ARE READING
Limited Edition ( Completed )
FanfictionVkook Sugar Daddy + Baby Witch written by Yeongie မဖတ်ကြပါနဲ့နော်.. လုံးဝမကောင်းပါဘူး ပထမဆုံးရေးတဲ့ficလေးမို့ မဖျက်ပဲ ထားထားတာပါ။ မဖတ်ကြပါနဲ့နော်.. လုံးဝမကောင်းပါဘူး ပထမဆုံးရေးတဲ့ficလေးမို့ မဖျက်ပဲ ထားထားတာပါ။