Chapter11

4.6K 465 6
                                    

(zawgyi)

TaeHyung အကြောင်းတွေအကုန်လုံးကို တစ်ခုမှမမှတ်မိ။ မာမီပြောလို့ Jungkookက သူ့ကောင်လေးဆိုတာ သိပြီးပြီဖြစ်သော်လည်း Jungkookနဲ့ သူဘယ်လိုသိခဲ့လည်းဆိုတာတောင်မမှတ်မိ။ သူသိတာ Kookooတစ်ယောက်တည်းသာ။

အတိတ်မေ့တာလည်း မဖြစ်နိုင် Jungkook တစ်ယောက်တည်းကိုသာ မေ့တယ်ဆိုတော့။ တစ်ခုထူးခြားနေတာကလည်း Jungkookနေရာမှာ KooKooကို အစားထိုးလိုက်သလို။

" KimTaeငါဝင်ခဲ့မယ်နော်! "

တံခါးခေါက်သံနဲ့အတူ ဝင်လာတဲ့ Jiminကြောင့် အိပ်ယာပေါ်မှ ထထိုင်လိုက်သည်။ မျက်လုံးတို့ကတော့ စားပွဲခုံပေါ်ရှိ Jungkook ထားသွားခဲ့တဲ့ ဆန်ပြုတ်လေးကိုသာ မမှိန်မသုန် စိုက်ကြည့်နေသည်။

" Jungkookက လက်ထပ်ပွဲကို ငြင်းလိုက်တယ် "

" ဟင်... "

လက်ထပ်ပွဲဆိုတာက...ဆိုလိုတာ သူတို့က လက်ထပ်မဲ့ အဆင့်ထိ ရောက်ခဲ့တာလား။

" Jiminငါ့ကိုJungKook အကြောင်းပြောပြပါလား "

" မင်းတကယ် သူ့ကိုမမှတ်မိတာလား "

အံ့သြစွာ မေးလာတဲ့ Jiminရဲ့စကားကို သူခေါင်းငြိမ့်ကာ အဖြေပေးလိုက်သည်။ ကုတင်ပေါ်မှာ ကျုံ့ကျုံ့  လေးထိုင်ပြီး jiminဆီမှ အဖြေကိုမျှော်နေမိသည်။

" Jungkookက မင်းထက်အသက်၂နှစ်ကြီးတယ် မင်းက ကျောင်းမှာစာမလုပ်ပဲဆိုးတော့ မင်းမာမီနဲ့ငါ့မာမီက မင်းနဲ့ငါကိုစာသင်ဖို့ဆိုပြီး Jungkookကို ငှားလိုက်တာလေ မင်းနဲ့ငါနှစ်ယောက်လုံး သူ့ကိုကြိုက်ပြီးဖွင့်ပြောတော့ သူကမင်းကိုရွေးခဲ့တယ်လေ မနေ့က မနက်ထိ မင်းတို့တွဲနေတုန်းပါ ဒီနေ့ဆို လက်ထပ်ပွဲလုပ်မှာ မင်းက လှေကားပေါ်ကပြုတ်ကျပြီးမေ့နေလို့လေ "

Jimin ပြောပြတော့မှ ခေါင်းထဲကို တဖြည်းဖြည်းတိုးဝင်လာသော ပုံရိပ်တွေ...
ဆရာဝန်duty coatလေးနဲ့ barမှာ သူ့ကိုအမြဲလာခေါ်တတ်တဲ့ သူကJungkook...

" Jimin မင်းနဲ့ငါက အမြွှာလား ! "

" မင်းအဘကိုအမြွှာ မင်းညီမနဲ့ ငါက လက်ထပ်ထားတာလေ သေနာရဲ့ "

ဒါဆို jiminက သူ့အမြွှာမဟုတ်ဘူးလား။ ဒါမဲ့ မေ့နေတဲ့အတောတွင်း အိပ်မက်ထဲမှာ Jiminက သူ့အမြွှာလေ။

Limited Edition ( Completed )Where stories live. Discover now