Part-(25) Final [Z×U]

5.9K 381 21
                                    

"အင်း" ဆိုတဲ့ အသက်​ရှူသံခပ်​ပြင်းပြင်းနဲ့ ဖြည်းဖြည်းချင်းပွင့်​လာတဲ့ မျက်​လုံး​တွေ ...

လေအနည်းငယ်​တိုက်​​နေတာ​ကြောင့်​ ခန္ဓာကိုယ်​ အ​ပေါ်ပိုင်းက တစ်​ချက်​ချက်​ ​အေးကနဲဖြစ်​သွားသည်​။
လေတိုက်​တဲ့အခါတိုင်း ခါး​ပေါ်ကို​ရောက်​​ရောက်​လာတဲ့ လက်​​လေးက တစ်​ချက်​ တစ်​ချက်​ တင်း​နေ​အောင်​ဖက်​ထားသည်​။

အဝတ်​မပါတဲ့ အ​နေအထားမို့လို့ အနီးကပ်​ဆုံးရှိ​လေ​လေ ပို၍​ထွေး​ပွေ့​လေ​လေ ...

JongIn ပဲ အရင်​နိုးပြီး သူ့လက်​​မောင်း​ပေါ်က ​ကောင်​ငယ်​​လေးရဲ့ ဆံပင်​​​တွေထဲကို နှာ​ခေါင်းနှစ်​ဝင်​ကာနမ်းလိုက်​သည်​။

မနက်​ ၇ နာရီပဲရှိ​တာမို့လို့ ပင်​ပန်းထားတဲ့ က​လေးကို ဆက်​အိပ်​ပါ​စေဆိုပြီး ပါးပြင်​​လေး​တွေကို အနမ်း​ပေးပြီး ဆက်​အိပ်​​စေလိုက်​သည်​။

သူက​တော့ အိပ်​​မောကျ​နေတဲ့ ​ကောင်​ငယ်​​လေးကို ကြည့်​မဝပဲမြတ်​မြတ်​နိုးနိုး ငုံ့ကြည့်​​နေမိသည်​။

အိပ်​​နေ​ပေမယ့်​ မျက်​ခွံ​လေး​တွေလှုပ်​လိုက်
တစ်​ချက်​တစ်​ချက်​ လျှာ​လေးနဲ့ နှုတ်​ခမ်း​လေးကိုသပ်​လိုက်
နှုတ်​ခမ်း​လေးက ​ထော်​လာလိုက်
မျက်​မှောင်​ကြုတ်​သွားလိုက်​နဲ့ ဖြစ်​​နေတဲ့ KyungSoo ကို JongIn က သ​ဘောတကျနဲ့ ကြည့်​​နေမိပြန်​သည်​။

နောက်​တစ်​ကြိမ်​ ပြန်​ပြီး ဆူ​ထော်​လာတဲ့ နှုတ်​ခမ်း​လေးကို JongIn က လွှတ်​မ​ပေး​တော့ပဲ ဖိကပ်​လိုက်​ ခွာလိုက်​ ... ခပ်​ဖွဖွ​လေးငုံလိုက်​ အ​ပေါ်နှုတ်​ခမ်း​လေးကို ကိုက်​လိုက်
အောက်​နှုတ်​ခမ်း​လေးကို စုပ်​ယူလိုက်​နဲ့ ကျီစား​နေသည်​။

နည်းနည်းကြာလာ​​တော့ KyungSooက မျက်​ လုံး မပွင့်​​သေးပဲနဲ့ လက်​​လေး​တွေနဲ့ အရင်​ တွန်းဖယ်​လေသည်​။

"အွန့်​ .... ဟင်​ ... ဦး "

KyungSoo ရဲ့ပုံစံ​လေးကတကယ်​ချစ်ဖို့​ကောင်း​နေတာ​ကြောင့်​ JongIn က အ​ပေါ်က​နေ ဖိထားလိုက်​ပြီး လည်​ပင်း​တွေကိုပါ ဖိကပ်​လာသည်​။

L.O.V.E [Z×U]Where stories live. Discover now