PART-(19)Z×U

4.6K 429 46
                                    

ခန္ဓာကိုယ်ကိုလေတိုးမပေါက်အောင် တင်းကျပ်စွာဖက်ပြီး အိပ်ပျော်နေတဲ့ ကောင်လေးနှစ်ယောက်ကို နေမင်းကြီးက အလင်းဆောင်ကျဉ်းပေးထားလိုက်သည်၊

တွန့်ချိုးထားသော မျက်ခုံးတွေရဲ့အောက်က မျက်ဝန်းတစ်စုံက အရင်ပွင့်လာခဲ့သည်။ နှာဖျားနားမှာရှိနေတဲ့ နဖူးလေးပေါ်ကို အနမ်းခပ်ဖွဖွပေးရင်း ပိုတိုး၍ဖက်လိုက်တော့ ခန္ဓာကိုယ်လေးက လှုပ်လာသည်။

နှုတ်ခမ်းလေးထော်ကာ အိပ်ပျော်နေတဲ့ ကောင်လေးကို
သွားတွေပေါ်သည်အထိ သဘောကျစွာရယ်မိသည်။
ဘေးတစ်စောင်းအနေအထားနဲ့ လက်တစ်ဖက်ထောက်လိုက်ပြီး မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုချင်းစီကို လက်ညိုးလေးနဲ့ထောက်ပြီး သေချာစိုက်ကြည့်မိသည်။

သူ့လက်ညိုးနဲ့ထိုးနေတာကြောင့်လားမသိ မျက်ခုံးနှစ်ဖက်က ပိုပြီးတွန့်ကွေးလာပြီး စူပုပ်ပုပ်မျက်နှာဖြစ်လာသည်။
အသည်းယားစွာနဲ့ ဆွဲယူကူဖက်လိုက်ပြီး မျက်နှာအနှံ့က်ု အနမ်းတွေခြွေချလိုက်သည်၊

ရင်ဘက်ကိုလက်သီးနဲ့ထုကာမှ ပြန်လွှတ်ပေးလိုက်တော့
မျက်စောင်းတစ်ခုရလိုက်သည်။

"နိုးပြီပေါ့ ကလေး "

"မနိုးပဲနေမလား ... အိပ်မရအောင် လုပ်ပြီးတော့ လာမေးနေသေးတယ် "

ရွဲ့ကာပြောလာတဲ့ စကားလေးကို JongIn သဘောတကျ ရယ်လိုက်မိသည်။

"ချစ်လို့မဝလို့ပါ .... လာပါဦး ဦးငယ်ရဲ့ကလေးလေး "

ပြောလည်းပြော ထပ်ပြီးဆွဲဖက်လိုက်သည်။

"အ "

မနေ့ညက အရှိန်ကြောင့် KyungSoo အသံထွက်လိုက်မိသည်။ အိပ်လျက်နဲ့ ဒူးခေါင်းကိုကွေးကာ ညည်းလိုက်မိတော့ JongIn က ပြာပြာသလဲ ကြည်လ့ာသည်။

"ဟင် .. နာ .. အရမ်းနာနေလို့လားဟင် .. ဦးငယ် ဘာလုပ်ပေးရမလဲ ... ဆရာဝန်ခေါ်ပေးရမလား .. အရမ်းနာနေလား ... အာ ဟုတ်ပြီ "

တစ်ယောက်တည်းပြောပြီး ပြာပြာသလဲဖစ်နေတဲ့ JongIn ကို စိတ်သက်သာရအောင် KyungSoo က လက်တွေကို ဆုပ်ကိုင်ထားပေးလိုက်သည်။

"ရတယ် ..,ဦးငယ် ... ခဏနေရင် သက်သာသွားလိမ့်မယ် "

"မဟုတ်တာ .. ကလေး အရမ်းနာနေတယ်မလား
အရင်ဆူံး ရေနွေးစိမ်ရအောင်နော် .. "

L.O.V.E [Z×U]Where stories live. Discover now