PART-(4)Z×U

6.1K 576 18
                                    

×××

ဦးငယ်​ကို ထိမယ့်​လက်​ကို ရုတ်​သိမ်းလိုက်​ပြီး သူ့ကိုယ်​​ပေါ်ကို
.​စောင်​​လေးခြုံ​ပေးလိုက်​သည်​..။
မျက်​နှာ​လေးကို ၁ မိနစ်​ခန့်​ ​ငေးကြည့်​ပြီးတာနဲ့ အခန်းထဲက
ထွက်​ရန်​ကြံလိုက်​၏...။

"ဘယ်​သွားမလို့လဲ...KyungSoo..."

KyungSoo ရဲ့ ​​​နောက်ကျောဘက်​မှ ထွက်​လာတဲ့ အသံ​ကြောင့်
တစ်​ကိုယ်​လူံး ​ကျောက်​ရုပ်​လို ဖြစ်​သွားသည်​...။

"ဦးငယ်​"

တိုးလျ​သော အသံ​လေးဖြင့်​ ​နာမည်​​လေးကို ​ရေရွတ်​မိ၏..။
ခံစားချက်​ကို အတတ်​နိုင်ဆူံး ထိန်းချုပ်​လိုက်​ပြီး JongIn
ရှိရာဘက်​ကို ပြန်​လှည့်​လိုက်​သည်​...။

"သခင်​​လေး နိုးလာပြီလား..."

"Omm ဒါနဲ့ ဘယ်​သွားမလို့လဲ.."

"သခင်​​လေး အိပ်​​နေတာကို အ​နှောင့်​အယှက်​ဖြစ်​မှာစိုးလို့
အပြင်​ထွက်​မလို့ပါ..."

"ထိုင်​ဦး..."

"ဗျာ.."

"ထိုင်​.."

ဦးငယ်​ရဲ့ စကားကို မလွန်​ဆန်​နို​င်​တာ​ကြောင့်​ ထိုင်​ရန်​ပြင်​လိုက်​၏.။
သို့​သော်​ ... အခန်းထဲ၌ ထိုင်​စရာ​နေရာကို
မ​တွေ့တာ​ကြောင့်​မတ်​တပ်​ရပ်​မြဲသာ ရပ်​​နေလိုက်​သည်​..။
နောက်​ဆုံး ကြံရာမရတာနဲ့ ကြမ်းပြင်​​ပေါ်ထိုင်​ချသည်​...။
ကျွန်​​တော်​ ကြမိးပြင်​​ပေါ်မှာ ရိုရိုကျို့ကျို့​လေး ထိုင်​လိုက်​​တော့
တစ်​ခုခုဖြစ်​သွားတဲ့ ဦးငယ်​ရဲ့ပုံစံ...။ မျက်​လူံး​တွေက တစ်​ခုခုကို
အလိုမကျသလို...။

သက်​ပြင်းတစ်​ခုကို ချလိုက်​ပြီး ကျွန်​​တော့်​ဆီကို တန်းတန်းမတ်​မတ်
လာ​နေသည်​...။ မည်​သည့်​စကားတစ်​ခွန်းမှ မဆိုပဲ
ကျွန်​​တော့်​​ရှေ့မှာ ထို​င်​လိုက်တယ်​..။ ကျွန်​​တော်​​မော့ကြည့်​လိုက်​​တော့ ဦးငယ်ရဲ့ ​မျက်​ဝန်းထဲမှာ အရိပ်​အ​ယောင်​​လေး​တွေ...။
ဒါ​ပေမယ့်​... ဘာလဲဆိုတာကို​တော့..ကျွန်​​တော်​မဖတ်​တတ်​..။

L.O.V.E [Z×U]Where stories live. Discover now