PART-(2)Z×U

7K 609 27
                                    

"KyungSoo ​ရေ သခင်​​လေးကို ​အ​အေး​လေးသွားပို့​ပေး"

အိမ်​​တော်​ထိန်းရဲ့ ​စေခို်​င်းမှုအတိုင်း သခင်​​လေးရဲ့ အခန်းဆီသို့
ရောက်​လာခဲ့သည်​။

တုန်​ယင်​​နေ​သောလက်များနှင့် နှလုံးခုန်မြန်​​နေ​​သောရင်​ဘက်​တစ်​စုံကို လျစ်​လျူရှုရင်း အခန်းတံခါးကို ​ခေါက်​လိုက်​သည်​။

"ဝင်​လာခဲ့ပါ"

တိုးညင်း​သော အသံဖြစ်​​ပေမယ့်​ ထိုအသံတွင်​ ​ယောက်ျားပီသမှု
တည်​ငြိမ်​မှု အဓိပ္ပါယ်​ အမျိုးမျိုးပါဝင်​သည်​။

"ဟို...သခင်​​လေး ​သောက်​ဖို့အတွက်​ အ​အေးလာပို့တာပါ"

မိမိ အသံကို ကြား​သော​ကြောင့်​လားမသိ မှိတ်​ထား​သော
မျက်​ဝန်း​လေးများပွင့်​လာသည်​​။
သခင်​​​လေးနှင့်​ကျွန်​​တော်​ အကြည့်​ချင်းဆုံသွား​ပေမယ့်​ ကျွန်​​တော်​ပဲ
ခေါင်းကို အမြနိငုံ့လိုက်​သည်​။ သခင်​​လေး​ရဲ့ စူးရှ​သော အကြည့်​​တွေကို မခံနိုင်​ဘူး​လေ။

"စားပွဲ​ပေါ်မှာ တင်ထားလိုက်​ ခဏ​နေ ​သောက်​လိုက်​မယ်​"

အမိန့်​မဆန်​​သော ​စေခိုင်းမှုအတိုင်း လုပ်​​​ဆောင်​ပြီးတာနဲ့ အခန်းထဲက ထွက်​ခါနီး

"နာမည်​ ဘယ်​လို​ခေါ်လဲ "

"Do..Kyung...Soo...ပါ သခင်​လေး.."

"အသက်​က?"

"၁၅..နှစ်​.​ကျော်​ပါပြီ.."

"Oh...god...​တော်​​တော်​ငယ်​တာပဲ...ကိုယ်​နဲ့ဆို.၁၅ နှစ်​​တောင်​ကွာတာပဲ..ဒီကို ဘယ်​လို​ရောက်​လာတာလဲ."

"ကျွန်​​တော့်​ရဲ့ အ​ဒေါ်​ကြောင့်​ပါ..."

"​ကျောင်းဆက်​တက်​​သေးလား.."

"Nae...သခင်​မကြီးက...​ကျောင်းဆက်​တက်​ဖို့ ​ထောက်​ပံ့​ပေးထားပါတယ်​..သခင်​​လေး.."

L.O.V.E [Z×U]Where stories live. Discover now