PART-(17)Z×U

4.4K 425 15
                                    

မနက်ဖြန် နှစ်သစ်ကူးနေ့ဖြစ်တာကြောင့် ပြင်ဆင်စရာတွေရှိတာပြင်ဆင်ရင်းနဲ့ ကိုယ်စီအလုပ်ရှုပ်နေကြသည်။

၁၆ နှစ်တာ ကာလပတ်လုံး
Happy New Year ဆိုပြီး တစ်ခါမှ မအော်ခဲ့ဖူးပေ။

သူများတွေက New Year ညမှာ စားသောက်ပျော်ပါးပြီး နေပေမယ့် သူ့အတွက်ကတော့ ပင်ပန်းလွန်းသဖြင့် နောက်ဖေးဂျောင်မှာကပ်ပြီး အိပ်ခဲ့ရသည့် နှစ်တွေပင်။

ထို့ကြောင့် ဒီနှစ်ရဲ့ New Year ကိုတော့ အနည်းငယ်မျှော်လင့်ပြီး
ရင်ခုန်မိသည်။ ဘာကြောင့်လဲဆိုတော့ ဦးငယ် တစ်ယောက်လုံး ဘေးနားမှာ ရှိနေမည်ဖြစ်တာကြောင့် ~

ခြံထဲသို့ လိုအပ်တဲ့ပစ္စည်းတွေရွှေ့ပြီး စားပွဲတွေခင်းထားလိုက်သည်။
အကင်တွေကင်ဖို့အတွက် လိုအပ်တာတွေ ~
ခွက်တွေ ၊ ပုလင်းတွေကို ယူပြီး အစီအစဉ်တကျထားလိုက်သည်။

အကုန်လုံးပြင်ဆင်ပြီးတော့ ညနေစောင်းနေပြီပင်။ ဆောင်းရာသီထဲဝင်နေပြီဖြစ်တာကြောင့် နေ့တာတိုသည်။
ထို့ကြောင့် ပတ်ဝန်းကျင်တွင် အလင်းရောင် မှိန်ပြပြသာရှိသည်။

သခင်မကြီးက အကင်ကို အရင်ကင်ထား ဆိုတာကြောင့်
အခြားသူတွေကို လုပ်စရာရှိတာလုပ်ခိုင်းပြီး ကျွန်တော် အကင် ကင်နေလိုက်သည်။

အကင် ကင်နေရင်းနဲ့
ကားသံကြားတိုင်း ဦးငယ်များလား ဆိုပြီး မျှော်ကြည့်ရတာအမော~
ဒါပေမယ့် ဦးငယ်မဟုတ်ခဲ့။

ည ၇ နာရီတိုင်သည်အထိ ဦးငယ်မလာသေး။ မီးခိုးငွေ့တွေက မျက်နှာကို လာရိုက်တာတစ်ကြောင်း ~ ဦးငယ်မရှိလို့
စိတ်ထဲအလိုလိုဝမ်းနည်းလာတာတစ်ကြောင်းကြောင့် မျက်ရည်ဝဲလာသည်။

နှာတစ်ရှုံ့ရှုံ့နဲ့ မျက်ရည်ကိုထိန်းနေရင်း မျက်လုံးကိုပွတ်လိုက်သည်၊
လက်က အိုးမည်းတွေ ပေနေလောက်မယ်ဆိုပေမယ့် ဂရုမစိုက်အား~'

စိတ်ထဲမှာ ဝမ်းနည်းမှုသာကြီးစ်ုးနေသည်။

"ကျွီ "

ကားဘရိတ်အုပ်သံကြားတာနဲ့ အကင်ကင်နေရာမှ ခေါင်းထောင်ကြည့်လိုက်တော့ ဦးငယ်ရဲ့ကားပင် ~

L.O.V.E [Z×U]Where stories live. Discover now