PART-(3)Z×U

6K 560 11
                                    

"သခင်​မကြီး KyungSoo ​လေးရဲ့ အ​ဒေါ်​ရောက်​လာပါတယ်​"

အိမ်​​တော်​ထိန်းရဲ့ စကား​ကြောင့်​ ထမင်းစား​နေ​သော သခင်​မကြီးနဲ့
သခင်​​လေးတို့ ခဏရပ်​သွားသည်​။

"ဘာကိစ္စလို့​ပြောလဲ အိမ်​​တော်​ထိန်းကြီး "

"ဟို..ဟို..KyungSoo ​လေး ကိစ္စလို့်​​ပြောပါတယ်​ "

ခွမ်း....

အိမ်​​တော်​ထိန်းရဲ့စကားဆုံး​တော့ လက်​ထဲက ဟင်းချိုပန်းကန်​ကျကွဲသွားတယ်​။ ​ခြေ​ထောက်​နဲ့လက်​မှာ​တော့ ဟင်းရည်​ပူ​တွေ ...

ပူလိုက်​တာ...အသည်းခိုက်​မတက်​ ... ဒါ​ပေမယ့်​ ထိုပူ​လောင်​မှုကို
စိတ်​ထဲမ​ရောက်​ ..

"အ​ဒေါ်လာတယ်​ " ဆိုတာကိုသာ ​ကြောက်​​နေမိသည်​။

"သူ့ကိုပြန်​ပြီး လာ​ခေါ်တာများလား"ဆိုတဲ့အ​တွေးက ပြည့်​နှက်​လျက်​...

ဟင့်​အင်း...သူပြန်​မလိုက်​ဘူး...​နောက်​တစ်​ကြိမ်​ထပ်​ပြီး​တော့
ငရဲလို​နေရာ​တွေမသွားချင်​​တော့ ...

ပြည့်​နှက်​လာတဲ့ ခံစားမှု​တွေ​ကို မျက်​ရည်​အဖြစ်
စီးကျ​စေလိုက်​တယ်​။

သူများ​တွေက ထင်​ကြမှာ​ပေါ့ ...
ဟင်း​ရ​ည်​ပူ​တွေ​ကြောင့်​ငိုတယ်​ဆိုပြီး​တော့...ဒါ​ပေမယ့်
အဲ့လိုမဟုတိမှန်းကိုယ်​တိုင်​ကလွဲပြီး ဘယ်​သူမှမသိ..

"KyungSoo ​လေးရယ်​ ကြည့်​ပါဦး အပူ​လောင်​ကုန်​ပြီ..
Arjima ​ဆေးလိမ်း​ပေးမယ်​ ..လာ..လိုက်​ခဲ့ .."

အိမ်​​တော်​ထိန်းက လက်​ကိုအတင်းဆွဲပီး ​ဆေးထည့်​​ပေးတာကို
ုငြင်းလိုက်​ပြီး သခင်​မကြီး​နဲ့ သခင်​​လေး​ရှေ့မှာပဲ
ဒူး​ထောက်​လိုက်​တယ်​။

"သခင်​မကြီး...ကျွန်​​တော့်​ကို...​ဒေါ်..​ဒေါ်​လေးဆီ
ပြန်​မပို့ပါနဲ့​နော်​....ကျွန်​​တော်​..ဒူး​ထောက်​ပြီး ​တောင်းပန်​ပါတယ်​..
ဒီမှာဘာပဲ လုပ်​ရ...လုပ်​ရ..ကျွန်​​တော်​အကုန်​လုပ်​ပါ့မယ်​..တစ်​ခု..
တစ်​ခု.ပဲ.ကျွန်​​တော့်​ကို ​ဒေါ်​လေးဆီ ပြန်​မပို့ပါနဲ့​နေိာ..."

L.O.V.E [Z×U]Where stories live. Discover now