PART-(5)Z×U

6.1K 628 35
                                    

×××

"ဦးငယ်​" တဲ့လား ...

ကျောပြင်​​သေး​သေး​လေးကို ​ငေးကြည့်​ရင်း "ဦးငယ်​" ​လို့​ခေါ်​သော
အသံ​လေးကိုပြန်​ကြား​ယောင်​မိသည်..

ပထမဆုံး​တွေ့ကတည်းက သူ့ကိုပြူးပြူး​လေးကြည့်​​နေခဲ့တဲ့
ထို​ကောင်​​လေးရဲ့ မျက်​ဝန်း​တွေကို အလွတ်​ကျက်​မှတ်​ထားခဲ့သည်​..

ဖြူစင်​လွန်း​သော မျက်​ဝန်း​လေးရဲ့​နောက်​ကွယ်​မှာ နာကျင်​မှု​တွေ
ရှိ​နေတဲ့ထို​ကောင်​​လေးကို ကာကွယ်​​ပေးချင်​တဲ့စိတ်​​တွေက
နေ့စဉ်​နဲ့အမျှ ပိုပိုတိုးလာ၏..

"အ​ဒေါ်" ဆိုတဲ့ စကားကြားရင်​ ကျိန်​စာမိထား​သော
က​လေးတစ်​​ယောက်​လို တုန်​ယင်​ကာ ငို​ကြွေးလာတဲ့ 
ကောင်​​လေးကို ​ဘေးနားမှာထားဖို့ ဆုံးဖြတ်​ခဲ့သည်​...

သူလုပ်​ခဲ့​သော အပြုအမူတိုင်းကို အံ့သြ​စွာနဲ့ ကြည့်​လာတဲ့
ထို​​ကောင်​​လေးရဲ့ မျက်​ဝန်း​တွေက သူ့ကိုဖမ်းစားခဲ့တယ်​ဆ်ုတာကို
သိပါ​လေစ...

Kim JongIn ဆိုတဲ့ ကျွန်​​တော်​က လူသားစစ်​စစ်​ဖြစ်​တာ​ကြောင့်
Do KyungSoo ဟူ​သော ​ကောင်​​လေး၏ဖြစ်​တည်​မှုနွံထဲမှာ
နစ်​မြှုပ်​သင့်​ပါတယ်​​လေ ...

"ဦးငယ်​" ဆိုပြီး တိုးလျစွာထွက်​လာတဲ့ အသံ​လေး​နောက်​မှာ
ပေါက်​ထွက်​မတက်​ဖြစ်​​နေ​သော ကျွန်​​တော့်​နှလုံးသားနဲ့
တုန်​လှုပ်​သွားတဲ့ ကျွန်​​တော့်​မျက်​ဝန်း​တွေကို
ထို​ကောင်​​လေးမြင်​ပါ​လေစ....

"Do KyungSoo ​... ​ကောင်​​လေး​ရေ ... အိမ်​မက်​ထဲထိ
လာခဲ့ပါ ... မင်းကို အမြဲ​တွေ့ချင်​နေတဲ့ နှလူံးသား​လေးကို
လှုတ်​ခတ်​လိုက်​ပါ .."

ခံစားမှုကို ဖုံးကွယ်​ထားတတ်​တဲ့ ကျွန်​​တော်​နဲ့ ~

ငြိမ်​သက်​​နေ​သော နှလူံးသားကို ဂယက်​ထ​စေခဲ့တဲ့ ​KyungSoo~

ဘယ်​သူကပိုပြီး လွှမ်းမိုးနိုင်​မလဲဆိုတာ သိ​တော့သိချင်​သား ...

L.O.V.E [Z×U]Место, где живут истории. Откройте их для себя