KyungSoo အိမ်တော်မှာနေရတာ မလုံသလိုခံစားရသည်။ သခင်မကြီးက အရင်ကနဲ့မတူတော့ပဲ တစ်ခုခုကိုသိထားတဲ့ပုံစံဖြစ်နေတာကြောင့် KyungSoo အတွက်နေရခက်နေသည်။
ဦးငယ်နဲ့ကတော့ တစ်နေ့တစ်ခြားရင်းနှီးသထက် ရင်းနှီးလာသည်။ အခုဆိုရင် ဦးငယ်ပြန်လာတိုင်း
ဦးငယ်ပေးနေကြ အနမ်းတစ်ပွင့်က နဖူးပေါ်မှာ တံဆိပ်လို ~အိပ်ရာဝင်ခါနီးတိုင်းလည်း နှုတ်ခမ်းပေါ်မှာ တံဆိပ်ခတ်နေလျက် ...
မိုးလင်းတဲ့အခါတိုင်းလည်း ခြေဖျားထောက်ပြီး ဦးငယ်ကို နမ်းရတာ အကျင့်တစ်ခုလိုဖြစ်နေခဲ့သည်။ကျွန်တော်တ်ု့တွဲတာ လူအသိခံလို့မရသေးဘူးဆိုတဲ့
အတွေးက ဦးငယ်ကို စိတ်ရှုပ်စေသည် ။*omma ကို ဦးငယ် ဖွင့်ပြောလိုက်ရမလား* လို့ပြောတဲ့အခါတိုင်း မပြောမိအောင် ဦးငယ်ကို တားထားရသည်။
ကျွန်တော့်ကြောင့် ဦးငယ်ကို ဒုက္ခမရောက်စေချင် ~"KyungSoo. .. သခင်မကြီးခေါ်နေတယ် "
စိုးရိမ်စိတ်ကို အတက်နိုင်ဆုံးထိန်ူးပြီး နှေးကွေးတဲ့ခြေလှမ်းတွေနဲ့ ဦးတည်လိုက်သည်။
"ရောက်လာပြီလား ... ထိုင်ဦး "
အမိန့်ပေးတဲ့ခပ်မာမာအသံကြောင့် KyungSoo ကြောက်ရွံ့နေမိသည်။
"ဒီအိမ်ကနေ ၆ လလောက် ထွက်သွား "
"ဗျာ "
ထွက်သွား ဆိုတဲ့ သခင်မကြီးစကားကြောင့် KyungSoo ထိုင်နေရာကနေ အလိုအလျောက် ဒူျးထာက်လျက်သားဖြစ်သွားသည်။
"သခင်မကြီး ... အဲ့လ်ုမလုပ်ပါနဲ့ ... ကျွန်တော့်ကိုနှင်မထုတ်ပါနဲ့ ... "
ခေါင်းကို မြေကြီးဝင်မတတ် ငုံ့ကာ စကားတွေကို တရစပ်ပြောမိသည်။ အသံတွေကလည်းတုန်ယင်လျက်. ..
"နှင်မထုတ်ပါဘူး ... 6 လလောက် အခြားတစ်နေရာမှာနေခိုင်းတာ ၆ လပြီးရင် ပြန်လာခဲ့ ".
"သခင်မကြီး ... "
"မလုပ်လို့မရဘူး .... ငါဘာလို့ဒီလိုလုပ်ရတာလဲဆိုတာကို မင်းအသိဆုံးနေမှာပါ ... "
"ဘာကို ...ဆိုလို "
"ကိုယ့်အဆင့်ကိုသိပါ ... အမြင့်ကိုမှန်းလွန်းတဲ့မင်းကို
ဆုံးမတယ်လို့ပဲသဘောထားလိုက် ... "
![](https://img.wattpad.com/cover/138157797-288-k797862.jpg)