IULM(1)

14.8K 325 17
                                    

[Zawgyi]

"မနက်ဖြန် လက်ထောက်အသစ်ရောက်မယ်နော်...ဒီတစ်ခါတော့ မြဲပါစေ...."

ကြော်ညာရှုတင်အတွက် ပြင်ဆင်နေတဲ့ A-Bomb အဖွဲ့သားတွေကို မေနေဂျာဖြစ်သူ နေရဲ က မျက်စောင်းတရွယ်ရွယ်ဖြင့် ပြောလိုက်ခြင်းဖြစ်၏။

A-Bomb အဖွဲ့ဝင် လေးယောက်စလုံး၏ စရိုက်လေးတွေ မတူညီပုံအရ မန်နေဂျာအပြောကို

ဂရုပင်မစိုက်သော Leader ချမ်းသွေးစစ်

ဒီအဖွဲ့ထဲမှာ အရိုသေဆုံး အကြီးကို အကြီးမှန်းအသိဆုံး co-leader လင်းရှိန်ဝါကတော့ မန်နေဂျာ စကားကို နည်းနည်းပါးပါး အရေးတယူပြုကာ ပြုံးပြုံးလေးနဲ့ ခေါင်းငြိမ့်ပြရှာ၏။

နောက် အငယ်နှစ်ကောင်...ပြောတဲ့စကားကို ကြားလားမကြားလားတော့မသိ ဖုန်းကိုသဲကြီးမဲကြီးပွတ်နေတဲ့ အဲ့နှစ်ကောင်ကတော့...ထက်ချီ နဲ့ ဟိန်းဇဲ...

ဖုန်းပွတ်နေတာ ဘာအတွက်လဲမမေးပါနဲ့...မြန်မာနိုင်ငံမှာ ရှိသမျှ အစားအသောက်နေရာအစုံမေး အကုန်သိတယ်...။
အခုလည်း ဒီရှုတင်ပြီးရင် သွားဖို့ ရှာဖွေပြီး Bookingတင်နေတာ ဖြစ်ပါလိမ့်မယ်...။

အရှေ့တောင်အာရှတစ်ခွင်မှာ အတော်အသင့်အောင်မြင်မှုရနေတဲ့ A-Bombအဖွဲ့ရဲ့ မန်နေဂျာရာထူးကို လူတိုင်းလုပ်ချင်ကောင်း လုပ်ချင်ပေမယ့် လူတိုင်း လုပ်နိုင်လိမ့်မယ်လို့ မတွေးလိုက်ပါနဲ့...။

တစ်နေ့တစ်မျိုး မရိုးရအောင် ကြံဖန်ပြီး ရှာဖွေပြသနာပေးတတ်ပုံကတော့ အဲ့လေးယောက်ကိုသာ ဆရာတင်ထားလိုက်ချင်ပါတော့တယ်။

ပြသနာလေးတွေ ရှာတတ်တာကလွဲရင် စိတ်ထားလေးတွေ အင်မတိ အင်မတန် ဖြူစင်လှတဲ့ ကလေးတွေပါလေ...။

ဒီလိုမျိုး အနုပညာရှင်တစ်ယောက်အနေနဲ့ အသက်မွေးနေပေမယ့် လေးယောက်လုံးရဲ့ မိသားစု စီးပွားရေး နောက်ခံတွေကတော့ ပြောစရာမလိုအောင် တောင့်တင်းလှ၏။

ဒီ အနုပညာအလုပ် မလုပ်ချင်တော့ရင်တောင်မှ သူတို့ဆက်ခံမယ့် အမွေတွေက တစ်သက်တာလောက်တော့ စိတ်ကြိုက် သုံးဖြုန်းလို့ရသေး၏။

ဒါပေမယ့် သူတို့လေးယောက်ရဲ့ " ဝါသနာနဲ့ဘဲ အသက်ဆက်ချင်တယ်" "ဝါသနာပါတဲ့ အရာနဲ့အသက်မွေးမှ ဘယ်လိုဘဲ အဆိုးဆုံး အခြေအနေနဲ့ကြုံကြုံ ပြန်လည်ရပ်တည်နိုင်မှာ" ဆိုတဲ့ အယူအဆလေးတွေနဲ့ ဝါသနာကို ချစ်မြတ်နိုးမှုလေးတွေကြောင့် ဒီနေ့ဒီအချိန်မှာ အောင်မြင်မှုကြီးနဲ့ ရပ်တည်နိုင်တဲ့ လူငယ်လေးတွေ ဖြစ်နေကြတာပါဘဲ...။

ငါ့ကိုချစ်ရင်...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now