ဒါဆို ခုနကဖုန်းခေါ်တာ သူ့ရဲ့အသေးလေးပေါ့
* ဘာတွေလုပ်နေလို့ replyကြာနေရတာလဲ? 😒 *
* မဟုတ်မှ junလုံးမရှိဘူးဆိုပြီး ကောင်မလေးတစ်ယောက်နဲ့
ဇာတ်လမ်းစနေတာလား 😠 *
* ခင်ဗျားနော် ရုတ်ရုတ်မလုပ်နဲ့နော်
ဒီကနေ ခင်ဗျားနေတဲ့နေရာကို
ဘူဒိုဇာနဲ့ ကလော်ပစ်မှာ ဘာမှတ်! 😏 *
* ဒါပေမယ့် ခင်ဗျားကိုယုံပါတယ်လေ...
ကိုယ့်ယောက်ျားအကြောင်း ကိုယ်သိတာပေါ့ 😍
ဦးက သစ္စာရှိတယ်ဆိုတာ ယုံတယ် 😗 *
အဆက်မပြတ်ဝင်လာတဲ့ စာတိုတစ်ခုချင်းစီကို ကြည့်ပြီး
ရယ်လည်းရယ်ချင် ရင်လည်းခုန်နေတာမို့ ဘာပြန်ပို့ရမယ်မသိဖြစ်နေရာကနေ
ဒီတိုင်း ဖုန်းကိုပဲ ထိုင်ကြည့်နေမိတာ ။
ကိုယ့်ဘက်က ဘာမှပြန်မပြောလို့ ပေါက်ကရတွေ
ရေးပို့နေသူလေးကြောင့် အသည်းတယားလည်း ဖြစ်ရသည် ။
ပို့တဲ့ စာတစ်ခုချင်းဆီမှာလည်း emojiမျိုးစုံနဲ့
တကယ်ကိုပဲ ချစ်စရာကောင်လေး ။
* ဟေ့ လူကြီး 😢 *
* အိပ်ပျော်သွားတာလား 🤔 *
* စာပြန်ပါဦးလို့ 😭 *
* စိတ်တိုလာပြီနော်!
စိတ်ကောက်ပစ်လိုက်ရမလား 😤 *
* တော်ပြီဗျာ စကားမပြောချင်လည်းနေတော့
လိုင်းပိတ်လိုက်တော့မယ် ဒါဘဲ ဘိုင့် 👏 *
လူကောင်လေးသေးသလို စိတ်ကလည်း လက်တဆစ်လောက်ပဲ ရှိသည်ထင် ။
ဆက်ပြီးတော့ စနေရင် တကယ်ကြီးလိုင်းပေါ်ကဆင်းသွားမှာစိုးလို့ အလျင်အမြန်ဘဲ အကောင့်နာမည်ဘေး ညာဘက်ထောင့်နားက နေရာကိုနှိပ်လိုက်သည် ။
တတူတူနဲ့ဝင်နေတဲ့ ဖုန်းသံက အတော်လေးကြာမှ
ပျောက်သွားကာ screenပေါ်,ပေါ်လာတဲ့ မျက်နှာလေး
လက်လေးပိုက်ပြီး လူကိုစွေကြည့်နေတဲ့ ကောင်လေး
တစ်နေ့တာရဲ့ ပင်ပန်းမှုတွေအကုန် ချက်ချင်းဆိုသလို
ပျောက်ကုန်သည်
မောပန်းနွယ်နယ်တာတွေ မရှိတော့ဘဲ
အားအင်တွေအပြည့်အဝ ရရှိလိုက်သလိုပင် ။
💕 final 💕
Start from the beginning
