Zawgyi
အရည်ကြည်တစ်ချို့ စိုစွတ်နေဆဲဖြစ်သည့်
တိုစိပ်စိပ်မျက်တောင်တွေ
ပြည့်ပြည့်ဖောင်းဖောင်း ပါးနှစ်ဖက်ပေါ်က မျက်ရည်စီးကြောင်းကို ကြည့်ပြီး ရင်ထဲမှာ
တစ်ဆစ်ဆစ် ။
" ဟင့် "
အိပ်နေရင်းနဲ့တောင် တစ်ခါ တစ်ခါ ပင့်ရှိုက်နေသည်ကြောင့်
ဒီကလေးအပေါ် တာဝန်မကျေသလို ခံစားရခြင်းတွေမှာ
ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်တွေဟာ
တစ်စ တစ်စ ။
ရှိသမျှ အလုပ်တွေ အကုန် အတွင်းရေးမှူးနဲ့
လွှဲခဲ့ပြီး ပြန်လာမိတာက
ခဏလေးထားခဲ့ရသည့် အချိန်အတွင်းမှာပင်
စိတ်မချနိုင်မှုတို့နှင့် သေမတတ် သတိရ
လွမ်းဆွတ်စိတ်တွေကြောင့် ။
စိတ်ခံစားချက်တွေကို အရင်လို
ဖုံးကွယ်မနေလိုတော့ခြင်းမှာ
ဒီကလေး မရှိရင် မဖြစ်တဲ့ ဘဝက
အတိုင်းထက် အလွန် ဖြစ်သွားပြီမို့ ။
" ချစ်တယ် "
တိုးတိုးတိတ်တိတ်နဲ့ဘဲ
ချစ်စကားတစ်ခွန်း ရွတ်ဆိုရင်း
မို့အစ်နေသည့် မျက်ခွံတွေပေါ်
အကြင်နာတစ်ပွင့် ပေးအပ်မိခြင်း ။
" အင်း ဦးကျန်း "
" sorry ကိုယ့်ကြောင့်နိုးသွားတာလား "
" ဟင့်အင်း "
လက်ခုံလေးနဲ့ မျက်လုံးတွေကို ဖိပွတ်ဆွဲရင်း
ခေါင်းခါပြသည့် ကလေးငယ်ဟာ
ပကတိဖြူစင်၏ ။
" ပြန်အိပ်မလား "
" အိပ်တော့ဘူး "
မျက်ရည်တွေနဲ့ ပေပွနေသည့် ကောင်လေးကို
သန့်ရှင်းရေး လုပ်ပေးဖို့အတွက်
ရေချိုးခန်းဘက်ဆီ လှမ်းမလို့ လုပ်ပေမယ့်
ကုတင်ပေါ်ကနေ ကုန်းရုန်းထလာပြီး
ရင်ခွင်ထဲ အတင်းတိုးဝင်သည် ။
" ခရီးသွားရမှာဆို "
" ပြန်လာတာ လွမ်းနေခဲ့လို့ "
" ပြန်သွားဦးမှာလားဟင် "
" မင်းလေး မရှိတဲ့နေရာမှာ
ကိုယ်မနေချင်ဘူး "
ရင်ခွင်ထဲ မျက်နှာအပ်ထားရာကနေ
မော့ကြည့်လာသည့် မျက်ဝန်းတွေထဲမှာ
မျှော်လင့်ချက်အပြည့် ရှိနေသည့်
အရိပ်အယောင်တို့ကို အဓိပ္ပါယ် ဖော်လို့ရသည် ။
