Zawgyi
" သတိရတယ် "
စာကြည့်ခန်းထဲက စားပွဲပေါ်တင်ထားတဲ့
မှန်ဘောင်ထဲရှိ ဓာတ်ပုံလေးကို
ကြည့်ပြီး တမ်းတနေစိတ်တွေ ။
ကျောင်းစာမေးပွဲကြီးရဲ့ နောက်ဆုံးရလဒ်အရ
ဂျပန်ကို စကောလားရှစ်နဲ့ ၂နှစ်ပညာတော်သင်ပါသွားတဲ့
ကလေးငယ်နဲ့ ဝေးကွာချိန်တွေဟာ
ဒီနေ့နဲ့ဆိုရင် တစ်ပတ်တိတိရှိခဲ့ပြီဖြစ်သည် ။
မလွှတ်ချင်ခဲ့ပေမယ့် ကိုယ့်ကြောင့်နဲ့တော့
ဒီကလေးရဲ့ အနာဂတ်ခရီးလမ်း မနှောင့်နှေးစေလိုခြင်း ။
တစ်ယောက်တည်းဖြတ်သန်းနေရတဲ့ တစ်နေ့တာအချိန်ဇယားတွေမှာ
အရာရာကို အယောင်ယောင်အမှားမှားနဲ့
တလွဲတွေလုပ်ပြီး အဆင်မပြေဖြစ်ရတာချည်း ။
နံရံပေါ်က တဂျက်ဂျက်နဲ့မြည်နေတဲ့
တိုင်ကပ်နာရီရဲ့ ရွေ့လျားမှုတွေဟာ
တစ်စက္ကန့် တစ်မိနစ်တိုင်းမှာတောင်
အတော်လေး ကြန့်ကြာနေသလိုပင် ။
ရင့်ကျက်နေတဲ့ လူကြီးတစ်ယောက်အနေနဲ့
ခံစားချက်တွေကို ချုပ်တည်းထားနိုင်မယ်လို့
ထင်ထားခဲ့တာ ။
တစ်လတောင်မပြည့်သေးဘဲ ၇ရက်ဆိုတဲ့အချိန်တွေအတွင်းမှာပင်
လွမ်းခြင်းကို မမျိုသိပ်နိုင်ဘဲ
သည်းခံနိုင်စိတ်တွေ ကုန်ခမ်းနေခဲ့တာဖြစ်သည် ။
" ရှေ့လျှောက် အချိန်တွေကို
ကိုယ်ဘယ်လိုဖြတ်သန်းရပါ့ "
အတွေးတွေနဲ့ ပြည့်နှက်နေချိန် တတူတူနဲ့မြည်လာတဲ့
ဖုန်း ၊ တစ်ခါမှမမြင်ဖူးတဲ့ နံပါတ်စိမ်းတစ်ခုအပြင်
ကိုရီးယားဖုန်းနံပါတ်နဲ့မဟုတ်တော့
ကိုင်ရနိုး ချရနိုးနဲ့ပဲ အစိမ်းဝိုင်းလေးကို ဖိနှိပ်မိပြီ ။
* hey yo~လိုင်းပေါ်တက်ခဲ့ *
ပြောပြီးချက်ချင်း ဖုန်းပြန်ချသွားတာမို့
ဘာမှန်းမသိ ညာမှန်းမသိပဲ
အူကြောင်ကြောင်နဲ့ လိုင်းဖွင့်မိခြင်း
* လိုင်းတက်ခဲ့ပါဆိုတာကို ဘာလို့ဒီလောက်ကြာ 😒 *
တဒေါင်ဒေါင်နဲ့တက်လာတဲ့ notiတွေကြားထဲမှ
instagramရဲ့dmကနေ @kimjuncottonဆိုတဲ့
အကောင့်ကနေပို့ထားတဲ့ စာလေးတစ်စောင် ၊
