💕 9 💕

5.1K 576 34
                                        

Zawgyi

ကိုယ့်အဖွဲ့နဲ့ကိုယ် ဝိုင်းထိုင်ပြီး ဂိမ်းဆော့နေတာတွေ

music playerထဲက သီချင်းကို အသံအကျယ်ကြီးနဲ့ဖွင့်ကာ ငှက်ဆိုးထိုးသံနဲ့လိုက်ဆိုနေကြတာတွေ

အရောင်အသွေးစုံလင်နေဆဲအရွယ်မှာ အလှအပတွေကို အပိုထပ်ဆောင်းနေကြတဲ့ကျောင်းသူတစ်ချို့

တစ်ချို့စာဂျပိုးတွေကတော့ စာအုပ်ထဲခေါင်းဖောက်ဝင်မတတ် အသည်းအသန်ကြိုးစားနေကြသည့်

အခြေအနေအမျိုးမျိုးက အထက်တန်းကျောင်းသားတွေဆိုတာ ငြင်းလို့မရ ။

အမှန်တော့ ဒီလိုပုံစံတွေဆိုတာ အတန်းထဲမှာဆရာ မရှိတဲ့အခါတိုင်း ဖြစ်ချင်သလိုဖြစ်နေကြတဲ့ ကျောင်းသားတွေရဲ့ ထုံးစံတစ်ခုဖြစ်သည် ။

" ဒီနေ့ဆရာမဝင်တော့ဘူးတဲ့ "

" တကယ် တကယ်လား "

" အင်း "

တစ်နေရာကနေအတန်းထဲပြန်ဝင်လာတဲ့ Baekhyuneeက ဝမ်းသာအားရပြောပေမယ့် သကြားလုံးအခွံဖောက်နေတဲ့ Seokလေးက ယုံတစ်ဝက်မယုံတစ်ဝက်ပုံနဲ့ ။

တကယ်တော့ ပြုံးစိစိနဲ့ဖြစ်နေသည့် Baekhyuneeပုံစံကို မယုံရဲတာဖြစ်သည် ။

" တကယ်ပါဆို "

" သူပြောတာဟုတ်လား Junလုံး "

" မသိဘူးလေ "

ဟုတ်များဟုတ်မလားဆိုပြီး သူ့ဆီလာပြန်မေးတဲ့ Seokလေးကို မသိဘူးလေဆိုပြီး ပခုံးတွန့်ပြလိုက်တဲ့ Junလုံးလေးက ပါးစပ်ထဲမှာ မုန့်တွေပလုပ်ပလောင်းနဲ့ ။

" LeeJae ဒီနေ့ဆရာမဝင်တော့ဘူးမလား "

ရှေ့နှစ်တန်းကျော်လောက်က စာကိုသာအသေအကြေကုန်းလုပ်နေရင်း ခေါင်းငြိမ့်ပြသည့် ပုလင်းဖင်လိုမျက်မှန်နဲ့ အတန်းခေါင်းဆောင် LeeJaeကို Baekhyunee လုံးဝကြည့်မရပါ ။

အမှန်တော့ အထက်တန်းကျောင်းသားက အဲ့လောက်ထိကြိုးစားရန်မလိုပါ ။

တစ်နေ့စာတစ်နေ့ပုံမှန်လေး လုပ်သွားပြီးတော့ ခေါင်းထဲစွဲနေအောင်သာကျက်မှတ်ရင် စာမေးပွဲအတွက် ပူစရာမလို ။

My Little Zhang Where stories live. Discover now