Zawgyi
လာမယ့်အပတ်အတွင်း လက်ထပ်ပွဲနဲ့အလုပ်တွေရှုပ်နေမှာ ကြိုခန့်မှန်းမိတာမို့...အခုချိန်ထဲက လုပ်လက်စတို့ကို လက်စသတ်ထားရမည်...။
ရုံးဆင်းချိန်ထက် အတော်လေး နောက်ကျနေမှန်းသိပေမယ့်...မပြီးပြတ်နိုင်သေးတဲ့ စာချုပ်စာတမ်းတွေကို...သေသေချာချာစစ်ဆေးပြီး ခွင့်ပြုချက်လက်မှတ်ထိုးပေးရသည်...။
အပြိုင်အဆိုင်တွေများလွန်းတဲ့ စီးပွားရေးနယ်ပယ်မှာ နည်းနည်းလောက်လေး...အမှားအယွင်းဖြစ်သွားတာနဲ့ ရှိသမျှစည်းစိမ်တွေအကုန်ဆုံးရှုံးပြီး...လမ်းဘေးဘဝရောက်သွားနိုင်သည် မဟုတ်လား...။
ထို့ကြောင့် စေ့စေ့စပ်စပ်နဲ့...လုံးဝအမှားမရှိအောင် ဂရုစိုက်ရသည်...။
တောင်လိုပုံနေတဲ့စာရွက်တွေကြားထဲက ခပ်သော့သော့လက်ရေးနဲ့စာရွက်တစ်ရွက်...။
* Junလုံးလေးနှင့် အတူနေထိုင်စဉ်အတွင်း လိုက်နာရမည့် အချက်များ *
နောက်မှအေးဆေးဖတ်မယ်ဆိုပြီး...လုံးဝမေ့နေခဲ့တာ...အချိန်တွေရှိသေးတာကြောင့် လက်ရေးဝိုင်းဝိုင်းနဲ့ရေးထားတဲ့စာရွက်လေးကို...ဘေးဖယ်ထားမလို့လုပ်ပေမယ့်...
မထင်မှတ်ဘဲဖတ်လိုက်မိတဲ့ ပထမဆုံးအချက်နဲ့တင်...အသေးလေးပြောထားမယ့် အချက်တွေကို...စိတ်ဝင်စားမိသည်...။
* 👆အရင်ဆုံး ဦးZhangက အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်တဲ့အတွက် အကြီးပီပီ Junလုံးလေးရဲ့ကျောင်းအိမ်စာတွေ အကုန်လုံးကူလုပ်ပေးရမယ် *
" အမယ် ကျောင်းတက်နေတာမင်းလေ...ငါမှမဟုတ်တာ...မင်းစာတွေလုပ်ပေးဖို့မပြောနဲ့...ငါ့အလုပ်နဲ့ငါတောင် အားတာမဟုတ်ဘူး "
စာရွက်ကိုကြည့်ပြီး တစ်ယောက်တည်းမဲ့လိုက်ရွဲ့လိုက်ဖြစ်နေရတာ သူများတွေမြင်ရင် ရူးနေတယ်ထင်နေရော့မည် ။
များပြားလွန်းတဲ့အချက်တွေကို ခပ်မြန်မြန်သာဖတ်နေရင်း...အောက်ဆုံးနားက အချက်တစ်ခု...။
* ခွင့်ပြုချက်မရှိဘဲ Junလုံးလေးရဲ့အသားကိုထိရင် ပြစ်ဒဏ်အနေနဲ့ ဝမ်၁၀၀၀၀ပေးဆောင်ရမည် *
