Zawgyi
နှာဖျားထဲ တိုးဝင်လာတဲ့ ဆပ်ပြာနံ့လိုလို ခပ်သင်းသင်းရနံ့
နှာခေါင်းကနေတစ်ဆင့် ပါးပြင်နှစ်ဖက်ပေါ်ကို အေးစက်စက်လက်ချောင်းတွေနဲ့ တို့ထိနေသလို ခံစားရသည် ။
" မွှေးနေရောပဲ "
" အင်? ဒါက ဘာကြီးတုန်း "
" ကိုင်လို့ကောင်းလိုက်တာ အဟိ "
စောင်ပုံကြားထဲက လက်နှစ်ဖက်ကို အပြင်ထုတ်ပြီး မျက်စိမဖွင့်သေးဘဲ လေထဲမှာတင် ဟိုစမ်းဒီစမ်းလုပ်နေသည် ။
ခေါ်နှိုးမယ်လို့ ကြံပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမြင်တော့ မနှိုးရက်ဘဲ ဒီတိုင်းအုပ်မိုးကြည့်ရင်း
ချစ်စရာအတိပြီးသည့် မျက်နှာပေါ်က အစိတ်အပိုင်းတွေကို ဟိုတို့ဒီထိလုပ်ရင်းမှ
ကလေးတွေရဲ့ရယ်သလိုမျိုး အသံသေးသေးလေးနဲ့
တဟိဟိလုပ်ပြီး ရင်အုံပေါ်ကို လိုက်စမ်းလိုက် ဆွဲညစ်လိုက်နဲ့ သဘောကျနေ၏ ။
အသည်းတယားနဲ့ ပါးပြင်အိအိထံ နှာတံကိုတိုးဝင်ချပြီး
နမ်းရှုံ့ပစ်လိုက်သည် ။
" ဘာလုပ်တာ! "
အေးစက်စက် အထိအတွေ့ကြောင့် နိုးလာပြီး
လက်နှစ်ဖက်နှင့် အားကုန်တွန်းထိုးတော့သည် ။
" အသည်းယားလာလို့ "
" သူများပါးကို "
" ထတော့လေ လျှောက်လည်ချင်တယ်ဆို
ကိုယ် ဒီနေ့ တစ်နေ့လုံးအားတယ် "
" တကယ်လိုက်ပို့မှာပေါ့ "
" ထတော့ ရေချိုး ပြင်ဆင်ပြီးရင်
အောက်ဆင်းခဲ့ ကိုယ်စောင့်နေမယ် "
" ဟုတ် ဟုတ် "
ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ကုတင်ပေါ်ကနေ ပြေးဆင်းသွားတာများ နောက်ကနေ ခုန်အုပ်ပစ်ချင်စရာ ။
__________
သန့်ရှင်းရေးတင်မက ခေါင်းပါလျှော်သည်မို့ ခပ်သွက်သွက်လုပ်ရသည် ။ ရေချိုးခန်းထဲဝင်တာ ကြာသွားရင် ဦးကျန်းဆူလိမ့်မည် ။
ဦးကျန်းက ရေအကြာကြီးချိုးရင် သိပ်ကြိုက်သည်မဟုတ် ။ ခုလို မနက်အစောပိုင်း ခေါင်းလျှော်တာပါသိရင် အပြစ်ပြောဦးမှာ သေချာသည် ။
