Zawgyi
တုန်ခါနေသော စားပွဲတင်နာရီ၏ အချက်ပေးသံကြောင့် ငေါက်ခနဲထထိုင်မိချိန် ခါးဘက်နဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာ တဆစ်ဆစ် ။
ကိုယ်လက်နှင့် ခြေထောက်တို့ကို လှုပ်ရှားမှုမလုပ်ချင်လောက်အောင် ခံစားရသည့်ဝေဒနာက အတော်လေးဆိုးသည် ။
လိုက်ကာရှည်တို့ကို ထိုးဖောက်လာသည့် မနက်ခင်း အလင်းရောင်နုနုဟာ နွေးထွေး၏ ။
အသင့်ထားပေးခဲ့သော အကိုက်အခဲပျောက်ဆေး ဖြစ်မည်ထင်ရသည့် အဖြူလုံးလေးကိုသောက်ပြီး အိပ်ရာပေါ်က မထဖြစ်တော့ ။
သိပ်ပြီးတော့ နေလို့မကောင်းပေမယ့်
မလန်းမဆန်းဖြစ်တယ်ရယ်တော့ မဟုတ် ။
ကြည့်ရတာ အိပ်နေသည့်အတောအတွင်း လူဆိုးကြီးက အလုပ်မသွားခင် သန့်ရှင်းပေးခဲ့ဟန်တူသည် ။
ညတုန်းကအဖြစ်အပျက်၏ ပူပူနွေးနွေးပုံရိပ်တို့ကို ပြန်မြင်ယောင်လာတော့ ပါးပြင်တစ်လျှောက် ရဲခနဲ ။
" မလုပ်ပါနဲ့ဆိုတာကို
မကောင်းတဲ့လူကြီး ဟင့်
ခုတော့ ငါကနာနေပြီ "
* နေအရမ်းမကောင်းဖြစ်နေတာလား *
ဖျက်ခနဲလင်းလာသည့် screenပေါ်က Seokလေးရဲ့ မက်ဆေ့ခ်ျတစ်စောင် ။
ဖုန်းခေါ်လိုက်တော့ ချက်ချင်းကိုင်သည် ။
* အင်း Junလုံး အများကြီးနေမကောင်းတာလား *
* နည်းနည်း "
* မင်းဘဲကြီး ကျောင်းကိုခွင့်လာတိုင်သွားတာတွေ့လို့ *
* ဟုတ်လား *
* နားတော့လေ ငါတို့လည်းစာသင်ချိန်စတော့မှာ *
* အင်း တာ့တာ *
ကျောင်းနဲ့ပတ်သက်လာရင် ဘာကိုမှအထိခိုက်မခံသလို ဖျားနာတာတွေ နေထိုင်မကောင်းဖြစ်သည့် အခါမျိုးတွေမှာ ဖုန်းဆက်တာမျိုးမဟုတ်ဘဲ သူကိုယ်တိုင် ခွင့်သွားတိုင်ပေးတတ်တာ ဒီလူကြီးအကျင့် ။
" နိုးနေပြီလား "
" ဟုတ် "
ရုတ်တရက်အခန်းထဲဝင်လာတာမို့ စောင်ကိုတင်းတင်းဆွဲခြုံပြီး ကိုယ်ကိုကျုံ့လိုက်မိကာ ခေါင်းငြိမ့်ပြရသည် ။
