Zawgyi
" အင်း "
" ဟင့်အင်း "
" အင်း "
" ဟင့်အင်း "
ဆောင့်ကြောင့်လေးထိုင်ပြီး ဒူးပေါ်မှာမေးစေ့တင်ရင်း
လက်ထဲကနှင်းဆီပန်းရဲ့ ပွင့်ဖက်တွေကို
တစ်ဖက်ချင်းစီချွေနေတဲ့ junလုံး ။
ညှပ်ဖိနပ်စီးထားတဲ့ ခြေထောက်ဖြူဖြူလေးရှေ့မှာ
တစ်ခုချင်းစီဖြစ်နေတဲ့ ပန်းအဖက်လေးတွေက
အပုံလိုက်ဖြစ်လို့နေသည် ။
" အင်း "
" ဟင့်အင်း "
ပြီးခဲ့တဲ့နှစ်ရက် seokလေးတို့အိမ်မှာ သွားဆော့တဲ့နေ့က
သူနဲ့ဦးကျန်းအကြောင်း စကားဆက်မိကြရင်း
" လက်ထပ်ထားလည်း မယုံရဘူး
မင်းကို အခုချစ်ပေမယ့်
နောက်ပိုင်း စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ "
ဆိုသည့် သွက်သွက်လက်လက်ရှိတဲ့
baekhyuneeရဲ့ စကားကြောင့် စိတ်ရှုပ်နေမိရာမှ
ဦးကျန်းအပေါ်ထားတဲ့ သူ့ရဲ့စိတ်ကို
ခုလိုစစ်ဆေးနေရခြင်းပင် ။
" ဘာလုပ်နေလဲ အငယ်လေး "
" ဒီတိုင်း "
အိမ်ထဲမှာမတွေ့လို့ ခြံထဲလာရှာပုံရသည့်
အိမ်တော်ထိန်းကြီး
" အစ်ကိုလေးကို ချစ်လား မချစ်လားဆိုပြီး
လုပ်နေတာလား "
" ဟင် ဦးလေးမင်က ဘယ်လိုသိလဲ "
" ဦးလေးတို့လည်း ငယ်ရာကကြီးလာတာလေ
ကလေးလေးရဲ့ "
" ဟုတ်သားပဲ ဟီး "
" အချစ်ဆိုတာမျိုးက နှလုံးသားကလာတာမဟုတ်လား
ဒီလိုလုပ်ပြီး ဆုံးဖြတ်လို့ဘယ်ရမလဲ အငယ်လေးရဲ့ "
" ... "
ဦးလေးမင်ပြောတာကို ခဏစဉ်းစားသလိုလုပ်ပြီးမှ
စိတ်ရှုပ်လာတဲ့ ပုံစံနဲ့ မျက်မှောင်တွေကို
တွန့်ချိုးပြန်သည့် junလုံး
မတ်တတ်ထရပ်လိုက်ရင်း လက်နှစ်ဖက်ကိုလည်း
ဖုတ်ဖတ်ခါလိုက်သေးသည် ။
" မသိတော့ဘူးဟာ "
" junလုံး လမ်းထိပ်မှာ သွားဆော့လိုက်ဦးမယ်နော်
ညနေ ဦးကျန်းမရောက်ခင် ပြန်လာခဲ့မယ်
ရတယ်မလားဟင် ဟီး "
