💕💕💕💕💕💕
" တွန်းပေး ဦးzhang "
တစ်နေကုန်လျှောက်လည်ထားပြီးတော့ အိမ်ပြန်လာ ရေချိုးပြီးတာနဲ့ ဘာစိတ်ကူးပေါက်သည်မသိ
ဈေးဝယ်ထွက်ချင်ပါတယ်ဆိုတဲ့ junလုံးကြောင့်
ဈေးဝယ်စင်တာတစ်ခုသို့ ရောက်နေခြင်း ။
ပစ္စည်းထည့်စရာ တွန်းလှည်းတစ်ခုကို သွားယူလာပြီး
ဝင်ထိုင်ကာ တွန်းခိုင်းနေပြန်သည် ။
" ခေါက်မယ် "
တင်ပျဉ်ခွေထိုင်တဲ့ပုံနဲ့မို့ ခြေထောက်ခေါက်မှာ စိုးရိမ်တာကြောင့်
တွန်းလှည်းအပြင်ကို ခြေထောက်ပြန်ချပေးရသည် ။
" go go go "
တွဲလောင်းကျနေတဲ့ ခြေထောက်လေးနှစ်ချောင်းကို
လှုပ်ခါရမ်းနေသည့် junလုံးလေး
စင်တာထဲက အရောင်းဝန်ထမ်းမလေးတွေက
လှုပ်လှုပ်ရွရွနဲ့ စကားများနေတဲ့ junလုံးကိုကြည့်ပြီး
ပြုံးရယ် သဘောကျနေကြတာ ။
" ဒါလေးစားချင်တယ် ဒါလေး "
spicyထုတ်တွေရှိနေတဲ့ နေရာကို လက်ညိုးထိုးပြရင်း
စားမယ်တကဲကဲ ။
အလွန်စပ်တဲ့အရာတွေမို့ ဗိုက်အောင့်ပြီး
ကြာရင် အစာအိမ်ရောဂါဖြစ်မှာလည်း စိုးတာကြောင့်
ခေါင်းခါပြတော့ စိတ်ပျက်သလိုဖြစ်သွားတာမြင်ရတော့လည်း
စိတ်မကောင်းချင် ။
" ဟိုဟာ စားရအောင် "
" ဒီဟာလေးရော "
ဟိုဟာစားမယ် ဒီဟာစားမယ်နှင့် အသင့်စားတွေနဲ့
အချဉ်အစပ်လိုဟာတွေဘဲ မျက်စိကျနေသည်
အန္တရာယ်ရှိတဲ့ အစားအသောက်တွေပဲမို့
အကုန်လိုက်တားနေမိတာကို စကားမပြောပဲ
စိတ်လုပ်ချင်နေတဲ့ junလုံးအား
' အဆိုးလေး ' ဆိုပြီး
ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို စိတ်ရှိတိုင်း မွပစ်ချင်နေတော့တာ ။
နောက်တော့လည်း အကြီးဖြစ်တဲ့ ကိုယ့်စကားကို
မလွန်ဆန်နိုင်ဘဲ ရေခဲမုန့်နှစ်ခုနဲ့ ကျေနပ်လိုက်ရတဲ့
ဆိုးပေလေးကို လမ်းတစ်လျှောက်လုံး လိုက်ချော့ရတော့သည် ။
" အဲ့လိုဟာမျိုးတွေကလွဲလို့ ကြိုက်တာပြောကွာ
ကိုယ်လိုက်လျောပေးမယ် "
💕 19 💕
Start from the beginning
