" အား...ဖယ်! ဖယ်! "

ရင်ဘတ်ကို တွန်းထိုးထုရိုက်ရင်း ရုန်းကန်နေတဲ့
အသေးလေးရဲ့လက်တွေကို အပေါ်ဘက်မြှောက်တင်ရင်း
ချုပ်ထားရသည် ။

နောက်ထပ်တစ်ခေါက် အချိန်ကြာကြာ ဖိနမ်းပြီး
နှုတ်ခမ်းတွေကို အလွတ်ပေးတဲ့အခါ
စူးနေအောင်အော်ခံလိုက်ရတာမို့ ထိန်းချုပ်ထားတဲ့လက်တွေကို
ယောင်ယမ်းပြီး လွှတ်ပေးတော့မလိုအထိ ဖြစ်ရသည် ။

" လွှတ်နော် မထိနဲ့! လူဆိုးကောင်ကြီးရဲ့ "

" လွှတ် လွှတ်ဆို "

လက်ကလှုပ်မရတော့ လွတ်လပ်နေတဲ့ ခြေထောက်တွေနဲ့ ဆောင့်ရင်း ရုန်းရင်း

ပါးစပ်ကလည်း ပေါက်ကရ လျှောက်အော်နေသေး ။

မသိရင် ကိုယ်ကပဲ တစ်ခုခုကို မကောင်းကြံဖို့
လုပ်နေတဲ့ လူကြီးလိုလို ။

လူကောင်သေးသလောက် အားမနည်းလှတဲ့ junလုံးလေးရဲ့ ခြေထောက်တွေကို
ကိုယ့်ခြေထောက်တွေကြားထဲ ထည့်ညှပ်ထားမှ ငြိမ်ကျသွားတာ ။

ဒါတောင် ခန္ဓာကိုယ်လုံးလုံးလေးကို တွန့်လိမ်နေသေး ။

ခုတော့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့ ပုံနဲ့
မေးဆတ်ပြတော့ စိတ်ဆိုးချင် ဟန်ဆောင်နေတာများ ၊

" လွှတ်လေနော် ချစ်တယ်လေနော်
အာဘွားကြီးကြီး ပေးမယ်လေနော် နော် နော် "

" အဟင့် သား,နာလာပြီလို့ "

ချက်ချင်းကြီး မဲ့ကျသွားတဲ့မျက်နှာလေးကို ကြည့်ပြီး
ရယ်ချင်ပတ်ကျိဖြစ်ရသည်

" အင်း သနားလို့နော် "

" အမယ် လျှောက်ပြော
ဟောဒီက ချစ်စရာကောင်းတဲ့ junလုံးလေးကို
မနိုင်ပဲနဲ့များ "

" ထပ်နမ်းရမလားပြော
ခုနကလိုလေ "

" ဟင့်အင်း တော်ပြီနော်
ထပ်စရင် အတည်ကြီးစိတ်ဆိုးလိုက်တော့မှာ "

" ဟုတ်လား တကယ်ပေါ့ "

နှုတ်ခမ်းဆူထားရင်း အနားကပ်တဲ့အခါ မျက်နှာပေါ်ကို
လက်နှစ်ဖက်နဲ့အုပ်ပြီး အခန်းထဲက ပြေးထွက်သွားသည် ။

" အဟက် "

အလကား
ပြီးရင် သူလေးဘဲ တစ်နေရာရာမှာ လက်ညိုးလေးကိုက်ပြီး တဟိဟိနဲ့ သဘောတကျပြုံးနေလိမ့်အုံးမှာ ။

My Little Zhang Where stories live. Discover now