ပါးစပ်ထဲ ပလုပ်ပလောင်းနဲ့မို့ ပြန်မဖြေဖြစ်တော့ ၊
ဆံပင်သုတ်ပေးတာ ပြီးသွားတဲ့ ဦးကျန်းက ပါးကိုဖွဖွလာဆွဲသည် ။
" စားပြီးရင် သွားရအောင် "
💕💕💕💕💕💕
ချစ်သူစုံတွဲတွေ အတော်များများနဲ့ ပြည့်နှက်နေသည့်နေရာက ဆိုးလ်တာဝါပင်ဖြစ်သည် ။
တာဝါထိပ်ကနေ မြင်နေရတဲ့ ဆိုးလ်မြို့ကြီးက အတော်လေးလှသည် ။
" ဦးကျန်း ဒါလုပ်ကြည့်ရအောင် "
ပြောပြီးတာနဲ့ ချစ်သက်သေသော့ချိတ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာဆီ yixingကို အပါခေါ်ရင်း
ဆော့ပန်တစ်ချောင်းကိုင်ကာ သော့ချိတ်ပေါ် မှာ တစ်ခုခုရေးနေတဲ့ junလုံး ။
yixingလှမ်းကြည့်တော့ မပြဘဲ လက်နဲ့ကွယ်သည် ။
တွေ့ရလိုတွေ့ရငြား အတင်းလိုက်ကြည့်သည့်အခါ မျက်မှောင်ကြုတ်လျက်ပြန်ကြည့်ခံရသည် ။
" ဘာဖြစ် "
လက်သီးနဲ့ရွယ်ခံရတော့ ကြောက်သလိုပုံစံ ပြန်လုပ်ပြတဲ့ yixingကိုကြည့်ပြီး ရယ်နေတဲ့ junလုံး ။
" ဗိုက်ဆာနေပြီ "
" ဆာနေပြီလား ဒါဆို သွားရအောင် "
လမ်းဘေးဈေးဆိုင်တွေ အများကြီးရှိပြီး စားချင်တာအစုံရတဲ့ မြောင်ဒုံး ၊ ဈေးထဲရောက်တာနဲ့
တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်စားနေတဲ့ junလုံးက အခုလည်း ဝက်သားကတ်သလိပ်ရောင်းတဲ့ ဆိုင်ထဲ ရောက်နေပြန်ပြီ ။
" ကျေးဇူးတင်ပါတယ် "
မှာထားသမျှတွေ လာချပေးတော့ မျက်လုံးအရောင်တွေ တလက်လက်တောက်နေတာများ ၊ ဆိုင်ရှင်အဒေါ်ကြီးကတောင် junလုံးကိုကြည့်ပြီး သဘောတွေကျနေသည် ။
" ဖြည်းဖြည်းစား အငယ် "
ဒီနေ့တစ်နေ့လုံးလည်း ကင်မရာတစ်လုံးနဲ့ ဦးကျန်းက
ကိုယ်လုပ်သမျှ အပြုအမူတိုင်းကို မှတ်တမ်းတင်နေခဲ့တာ ၊ အခုလည်း ကိုယ်စားနေတာကို ပြုံးပြုံးကြီးနဲ့ ထိုင်ကြည့်နေပြန်သည် ။
" ဦးအရွယ်ဘဲ "
" ခန့်ချောကြီးနော် "
" ပါးချိုင့်လည်းပါတယ်ဟ "
💕 18 💕
Start from the beginning
