မတတ်နိုင် ၊
မနေ့က စာမေးပွဲပြီး အိမ်ပြန်ရောက်တော့ ပင်ပန်းလွန်းလို့ ခြေလက်ဆေးပြီးဘဲ အိပ်ရာဝင်ခဲ့တာ ။

ဖျားနာတာ တစ်ခုခုဖြစ်မှာစိုးလို့ဆိုပြီး တားမြစ်ထားတဲ့ ဦးကျန်းကြောင့် စာမေးပွဲရက်တွေတုန်းထဲက ခေါင်းမလျှော်ရတာ တစ်ပတ်ကျော် ရှိပြီ ။

အခုမှ နေရာလပ်မကျန် သေချာ ဂျီးတွန်းဂျီးတိုက်လုပ်ပြီး ရေကိုအေးဆေးထိတွေ့ရတာမို့ အတော်လေးလန်းဆန်းသွားသည် ။

အခန်းထဲက ကုတင်ပေါ်မှာ သေသေသပ်သပ်ခေါက်တင်ထားတဲ့ အဝတ်အစားတစ်စုံ ရှိနေသည် ။ ဦးကျန်းထုတ်ပေးထားတာ ဖြစ်ရမည် ။

နွေရာသီနဲ့ကိုက်ညီတဲ့ ဒီဇိုင်းမို့ တခြားဟာပြန်မလဲဖြစ်တော့ ။ ဒီအတိုင်းဘဲ ယူဝတ်လိုက်သည် ။

အားလုံးပြင်ဆင်ပြီး အောက်ဆင်းလာချိန် ဦးကျန်းက ဧည့်ခန်းထဲမှာ သတင်းစာထိုင်ဖတ်နေသည် ။

junလုံးရဲ့အင်္ကျီအရောင်နဲ့ ခပ်ဆင်ဆင်တူတဲ့ မီးခိုးရောင်လိုလို ရှပ်အင်္ကျီ ၊ စတိုင်လ်ပန်အနက်နဲ့ ဦးကျန်းကိုကြည့်ရတာ လူငယ်တယောက်လို လွတ်လွတ်လပ်လပ်ရှိနေသည် ။

လုပ်ငန်းရှင်တစ်ယောက်မို့ အချိန်ပြည့်လိုလို ဝတ်စုံပြည့်နဲ့သူက ခုလို ပေါ့ပေါ့ပါးပါးစတိုင် ဝတ်ထားတော့လည်း တစ်မျိုး ကြည့်ကောင်းနေပြန်သည် ။

" နောက်တစ်ခါ ရေချိုးတာကြာရင် ဆူမှာနော် "

ကြည့်! ရေစိမ်တာ နည်းနည်းလေး ကြာသွားတာနှင့် အပြောခံရတော့တာဘဲ ။

" ခေါင်းလည်း ခြောက်အောင် သေချာမသုတ်ဘူး "

ကိုင်ထားတဲ့ သတင်းစာကို ချက်ချင်းချပြီး လက်ကနေဆွဲခေါ်ကာ ထမင်းစားခန်းရဲ့ စားပွဲရှေ့ထိုင်ခိုင်းပြီး အဆင်သင့်ဖြစ်နေသည့် မနက်စာကို စားစေသည် ။

ပြီးတော့ အပေါ်ထပ်ပြန်တက်သွားကာ တပတ်တစ်ထည်ယူချလာပြီး ဆံပင်စိုစိုတွေကို သေချာသုတ်ပေးနေသည် ။

" နောက်တစ်ခါ ခေါင်းလျှော်မယ်ဆို
ကိုယ့်ကိုပြော ရေနွေးစပ်ပေးမယ် "

" ဟုတ်ကဲ့ပါ "

" စားလို့ကောင်းလား "

" ... "

My Little Zhang Where stories live. Discover now