Episode 28(final)

4.2K 299 23
                                    

Episode 28(final)

Oon က စပျစ်သီးပန်းကန်လေးကိုင်ကာ Khun Tere
ရှိရာ ဧည့်ခန်းထဲကို ထွက်လာခဲ့လိုက်သည်။

" Khun Raai ~~စပျစ်သီးရပါပြီ "

" Oon လေး~~ ဒါကို ဖတ်ကြည့် '

Oon က Khun Tere ကမ်းပေးသော သတင်းစာကို
ယူကြည့်လိုက်သော ဆေးခြောက်သုံးစွဲမှုနဲ့ တရားရင်ဆိုင်
နေရသည့် Vivian သတင်းကို တွေ့ရသည်။

" သူက ဘယ်လိုဖြစ်ပြီး~~~ "

" Raai လဲ စိတ်မကောင်းဖြစ်သား!! အရင်က ကလေးမ
က ဒီလိုမဟုတ်ဘူး~~ ပြင်သစ်က ပြန်လာပြီး ထင်တိုင်း
ကြဲတတ်တဲ့ ဒီဇိုင်းလေးဖြစ်သွားတယ်!! ဒါတွေအားလုံး
မူးယစ်ဆေးဝါးတွေကြောင့်ဖြစ်တာဖြစ်မယ် '

" သေချာတာပေါ့~~သူပြင်သစ်က တွဲနေတဲ့ ကောင်က
ဆေးခြောက်ကို သေအောင်သုးံတာလေ"

နောက်ကနေ Kong စကားကြောင့် Oon က ငုတ်တုတ်
ကလေးကနေ မော့ကြည့်လိုက်သည်။

" Raai~~ သားတို့ညနေစာ အပြင်မှာပဲ စားလိုက်တော့
မယ် ~~~ "

" ဘာလို့လဲ မြေး "

Oon လက်ကို Kong က တွဲကိုင်ပြီး ထူလိုက်ပြီး Raai
အပြောကိုကြားကာ ပြုံးလိုက်မိသည်။ Raai က ထမင်း
ကို သိုက်သိုက်ဝန်းဝန်းစားရတာ အလွန်နှစ်သက်သူပင် ။

" Oon ရဲ့ စာတမ်းအတွက် တစ်ချို့စာအုပ်တွေ library
မှာ ရှာရဦးမှာနဲ့ အိမ်ပြန်လာရင် နောက်ကျနေမှာ!! အဲဒါ
ကြောင့် အပြင်မှာပဲ စားလိုက်တော့မယ် "

" ဩော် ဟုတ်သား!!! Oon လေး စာတမ်းထပ်ဖို့က
နီးနေပြီ မလား "

Oon က ခေါင်းလေးညိမ့်ပြလိုက်တော့ Raai က သွားခွင့်
ပြုလိုက်သည်။

" Kong~~~ "

" ဟင် !!! "

" စာကြည့်တိုက်က အပြန် Naaf ဆီ သွားရအောင် ~~
မသွားတာ ကြာပြီမလား "

Kong က ကားပေါ်တက်ခါနီး Oon အရင်တက်ဖို့အတွက်
လမ်းဖယ်ပေးလိုက်သည်။

" အင်!! ဒီနေ့တော့ မသွားပါနဲ့ ~~နောက်နေ့မှ သွားပါ ~~ဒီနေ့ တော့ စာကိုပဲ အာရုံစိုက်လိုက်ပါကွာ "

Kong က လေသံမာမာနဲ့ ပြောလာသည်မို့ Oon လဲ ထပ်
မတောင်းဆိုရဲတော့ ။ Kong က Naaf အပေါ် ခွင့်လွှတ်
နိုင်ပေမယ့် Oon ကို လုပ်ခဲ့တဲ့ ကိစ္စတွေကိုတော့ နားလည်
မပေးနိုင်သေး။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now