Episode 8

1.7K 167 9
                                    

Episode 8

Moon သည် wedding dress ရောင်းတဲ့ ဆိုင်ထဲကို
ဝင်လာခဲ့လိုက်သည်။ Khun Kongpob က တစ်နေ့က
ပြန်ဆက်သွယ်လာပြီး နောက်တစ်ပတ်အကြာ မင်္ဂလာပွဲ
လုပ်မည်ဆို၍ အတော် အံ့ဩသွားမိသည်။မင်္ဂလာပွဲ
ကို ဒီလိုအမြန်လုပ်ဖို့ ပြောလာခြင်းကို လုံးဝနားမလည်
နိုင် ။Khunတွင် ဘာအကြံအစည်တွေ ဘယ်လို ရှိနေလဲ
အရင်လို စဉ်းစားဖို့လဲ အားမရှိတော့ ။ဒီတိုင်းလေးပဲ မင်္ဂလာဝတ်စုံဖိုးဆိုပြီး ဟိုတယ်လာယူခိုင်းလို့ သွားယူပြီး အပြန် ဆိုင်ထဲကို ဝင်လာခြင်းသာ။ သို့သော်
Moon ဦးနှောက်ထဲတွင် ရိုးရိုးလေးများသာတွေးထား မိသည်။။ Khun နားရောက်ပြီးတာနဲ့ သစ္စာရှိတဲ့ မိန်းကလေးလုပ်ပြီးOon လေးကိုပါ ခေါ်ကာ အတူနေခိုင်းမည်ပေါ့ ။Oonလေးလဲ Khun နဲ့ဆို သဘောတူမှာပါ~~ ။

"ဘာများအလိုရှိပါသလဲရှင် "

ဆိုင်က အရောင်းဝန်ထမ်းကောင်မလေးက မေးသည်မို့
Moon က အနားက ဇာဂါဝန်ဖြူလွလွလေးကို ကိုင်ကြည့်
ရင်း~~~~

"ဒါမျိုးကို အဝါနုနုလေး မရှိဘူးလားဟင် !!"

"Khun ~~ အားနာပေမယ့် ဒီဆိုင်က အဖြူလေးတွေ
ချည်းရောင်းတာမို့ပါ~~ အဖြူနဲ့ကို design အစုံရှိပါတယ်"

Moon က အင်္ကျီ design လေးတွေ လှည့်ပတ်ကြည့်ပြီး
လိုချင်တဲ့ တစ်ထည်ကို ရွေးချယ်ဝတ်ယူလိုက်သည်။
ဒီအထည်လေးက သူနဲ့တောင် နည်းနည်းကျပ်သလိုရှိ
ပေမယ့် တစ်ခါသာ ဝတ်ရမည်ဖြစ်ပြီး နောက်ထပ်ပြန်
မဝတ်ရတော့မည်မို့ ကျပ်သည်ချောင်သည်မစဉ်းစားနိုင်
တော့ ။

"မမ ~~"

ဆိုင်ထဲကအထွက် တစ်ဖက် Master mask cafe က
ထွက်လာသော Bank နဲ့တွေ့ရသည်။ကိုယ့်ကို မမ လို့
ခေါ်နေသေးသည်ကြောင့် Moon အနေနဲ့ ပြန်ထူး
လိုက်ပြန်ရင်လဲ သဘောတူရာရောက်သွားလေမလား

"ဟိုတစ်ပတ်ကကိစ္စ ကျွန်တော်တောင်းပန်ပါတယ်~~
သွေးပူနေလို့ပါ~~ "

"ရပါတယ် ~~ ကိစ္စမရှိပါဘူး~~"

Bank က Moon လက်ကောက်ဝတ်လေးများကို
ဖျတ်ခနဲ ဆွဲလိုက်သည်။

"မမက ခွင့်လွှတ်တဲ့သဘောပေါ့နော် !! ဒါကို ကျွန်တော့်ကို
ချစ်သေးတယ်ပေါ့ ဟုတ်လားဟင် "

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now