Episode10

1.9K 211 9
                                    

Episode 10

"အခု မြေးက မြေးလုပ်ရပ်တွေကို Raai ကို နားလည်ပေး
ဖို့ပြောနေတာလား~~ လက်ခံပေးဖို့ပြောနေတာလား "

စကားသည် တူသယောင်ယောင်နဲ့ ကွဲပြားသည်ကို Kong
သိ၏။ ဘေးနားတွင် ကျောက်ရုပ်ပမာရုပ်နေသော
မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး~~

"သားကို နားလည်ပြီး သူ့ကိုလက်ခံပေးဖို့ တောင်းဆို
နေတာပါ Khun Raai ~~"

Khun Tere အနေနဲ့ မြေးကို ချုပ်ချယ်မထားဆိုသော်
လည်း ဒီလိုဗြုန်းစားကြီး မတိုင်ပင်ဘဲ မိန်းမယူချလာတဲ့ အပေါ်တော့ သဘောမကျ ။ သူကိုယ်တိုင် ချစ်သူမရှိ
သေးဘူးဆို၍ အသိုင်းအဝိုင်းကြီးထဲက Vivian ဆိုတဲ့ ကလေးမနဲ့ သူကိုယ်တိုင် စေ့စပ်ပေးထားခဲ့တာပါလေ ။ အခုတော့ သူမ မိဘတွေကို Khun Tere က ဘယ်လိုမျက်
နှာနဲ့ ကြည့်ရပါ့မလဲ ။ နိုင်ငံရေးလောကတွင်လဲ ဖြောင့်
လို့ မှန်လို့ သိက္ခာတစ်ခုနဲ့ အနှစ်နှစ်အလလ နေလာသမျှ မြေးငယ်က ဒီမိန်းကလေးနဲ့ လက်ထပ်ခြင်းအားဖြင့်
သူရဲ့ဂုဏ်ဒြပ်တွေကို ဖြုတ်ချပစ်လိုက်တော့သည်။ Khun
Tere က နားထင်လေးကို တစ်ချက်ဖိလိုက်ရင်း~~~

"Tew ရေ~~ "

"Kha Khun Tere ~~"

"သွေးကျဆေးယူခဲ့~~~"

"Kha ~~~"

ထို့နောက် Khun Tere က ထထွက်မယ်ကြံတော့ Kong
က~~~

"Khun Raai ~~ သားတောင်းဆိုတာ ဘယ်လိုသဘော
ရလဲ~~~"

Raai က ကျွန်တော့်နောက်က ထိုမိန်းကလေးကို ကျော်
ကြည့်သည်။ သို့သော် အမုန်းအာဃတတွေမပါ ။

"Raai ကို အချိန်ပေးပါ~~~ Raai စဉ်းစားရဦးမယ် "

Kong က သိနေသည်။ Raai သည်ဖြောင့်မတ်မှန်ကန်
ပြီး သမာသမတ်ကျသည်မို့ ။ သေချာနေ၏ ။ ဒီမိန်းမရဲ့
ဖုံးထားသမျှ ပုပ်လို့ ပေါ်လာတဲ့တစ်နေ့ Raai ကိုယ်တိုင်
ငါ့ဘက်ကနေ ရပ်တည်မောင်းထုတ်ပေးလိမ့်မည် ။

Kong က တစ်ယောက်တည်း ခပ်ထေ့ထေ့ ပြုံးနေရင်း
နောက်ပါးဆီက ကလေးမကို လှည့်ကြည့်လိုက်သည်။
Kong က သူ့ကို ကြည့်လေတော့ တံတွေးတစ်ချက်မြို
ချကာ နှုတ်ခမ်းလေးတင်းကာ ကြည့်နေသည်။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Tahanan ng mga kuwento. Tumuklas ngayon