Episode 11

2K 226 8
                                    

Episode 11

Oon က Naaf Kulap ထည့်ပေးလိုက်သော ကလေးအနှီး
လို ပိတ်စအပိုင်းပိုင်းများကို ကိုယ်လေးရစ်ကာပတ်လိုက်
သည်။ ထို့နောက် ကိုယ့်ဘာသာကို မလုံမလဲနဲ့ ရေချိုးခန်း
တံခါးလော့ကို ပြန်ကြည့်မိ၏ ။ သူမရှိဆိုတာ သိသော်
လည်း အန္တရာယ်ဆိုသည်က မမြင်နိုင် ။

^^ ဒါကို အချိန်တိုင်း ပတ်ထား~~ ပူရင်တောင် မချွတ်နဲ့
ရပ်ကွက်ထဲက ယောက်ျားလျာမ Oatကို မြင်ဖူး
တယ်မလား~~အေး ~~ သူက မိန်းမဖြစ်ပေမယ့် ဒါမျိုး
တွေဝတ်လို့ ဘာမှ မရှိနေဘူး~~ နင့်လဲ အဲလိုကြောင့်
ဒါမျိုးတွေပဲ ဝတ်တယ်ဆိုတာမျိုးပဲ ထားလိုက် !!ကြားလား

Oon က ပိတ်စကို စုထုံးလိုက်ပြီး မှန်မှာ တစ်ချက်ကြည့်
လိုက်သည်။ အယုဒ္ဓယမင်းဆက်တုန်းကထိုင်းအမျိုးသမီး
တွေနဲ့တောင် ဆင်၏ ။ ထို့ပြင် သူ့မှာက ပူစရာနောက်တစ်
ခုရှိနေသေးသည်။ Oon~~ နာမည်အမှန်ကို ပြောလိုက်မိ
သည်က မြွေကိုက်တော့တာပါပဲ ။ ဘာလို့ အမှန်တွေချည်း
ချပြမိနေလဲ စဉ်းစားမရ ။ ဒီလူကို တွေ့ရင် စိမ်းသက်
သက်ဖြစ်မနေသလို ကြောက်တာတွေ အလိမ်ပေါ်မှာတွေ
လဲ မစိုးမိ ။ ကိုယ့်ကိုကိုယ်ကို မနည်းထိန်းနေရသည်။ အေးလေ ~~ ဘာပဲဖြစ်ဖြစ် Moon လို့ ခေါ်နေလဲ သူမဟုတ်တော့ လှည့်ကြည့်ဖြစ်ရင်တောင် ကံကောင်း ။
ခုလိုဆိုတော့လဲ ကိုယ့်ခေါ်မှန်း သိရသေးတာပေါ့ ။

Oon က ရေချိုးခန်းထဲက ထွက်လာပြီး မနေ့က ချွတ်ထား
တဲ့ သတို့သမီးဝတ်စုံကို ဗီရိုလေးထဲ ခေါက်ထည့်လိုက်
သည်။ ကိုယ့် luggage လေးထဲ ထည့်ရင်လဲ မဆန့် ။
သူကလဲ ထားဖို့ နေရာမပေးသည်မို့ အကျပ်ရိုက်ကာသူ့အဝတ်ဗီရိုထဲပဲ ထိုးထည့်ပေးလိုက်
သည်။ Oon အတွက်က ဘဝတစ်လျှောက်လုံး Moon
ကို အားကိုးနေလာသည်မို့ အလုပ်ဆိုတာ ပရဟိတနဲ့
သီချင်းဆိုတာလောက်ပဲ ရသည်။ အိမ်မှုကိစ္စဆိုတာ
လက်ဖျားနဲ့တောင် မတို့ဘူးခဲ့သူမို့ ။

"ဒေါက် !!ဒေါက် "

တံခါးခေါက်သံလေးကြားတော့ Oon က ကိုယ်လေးမတ်
ကာ အပေါက်ဝကို လည်မျှော်ကြည့်လိုက်သည်။ တံခါး
လေးဖွင့်ပြီး ဝင်လာသည်က ကြက်မွေးလေးကိုင်ထား
သော Khun Tew ။ Oon က လက်အုပ်လေးချီကာသာ
ခေါင်းညွတ်ပြတော့ Tew က ပြန်ပြီးကြောက်ကြောက်နဲ့
လက်အုပ်ချီသည်။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now