Episode 27

2.1K 182 4
                                    

Episode 27

မင်္ဂလာပွဲက ခမ်းခမ်းနားနားမဟုတ်ပေမယ့် Moon နေတဲ့
Church ကျောင်းလေးရဲ့သမိုင်းတစ်လျှောက်မှာတော့
လူစည်ကားတဲ့မင်္ဂလာပွဲလေး ဖြစ်နေသည်။ Bank ကတော့ အရာအားလုံးကို အပိုင်ရထားသော မျက်နှာမျိုး
နဲ့ လက်ကလေး ရှေ့စုကာ ရပ်နေပြီး တံခါးမကြီးဆီ အကြည့် ပို့ထား၏ ။ မ လှမ်းလျှောက်လာမယ့် မြင်ကွင်း
လေးကို ထာဝရအတွက် သိမ်းသွားဖို့ လိုမည်ထင်၏ ။

Kong တစ်ယောက် ခန်းမထဲသာ ဝင်လာခဲ့ရပေမယ့် Oon ကို ရှာမတွေ့ ။ Oon တစ်ယောက် ဘယ်ကို ရောက်သွား
သည်လဲမသိ ။ ပွဲကို အတူတူလာကြခြင်းဖြစ်ပေမယ့်
လှစ်ခနဲဆို ပျောက်သွားသော ကိုယ်တော်ချောကို ပွဲဆူ
အောင်လဲ မရှာဖွေရဲ ။ အကြည့်နဲ့သာ ဝေ့ကာ ဝိုက်ကာ
ရှာနေမိသည်။ သူ့အမ မင်္ဂလာပွဲမို့များ တစ်နေရာရာသွား
ငိုနေလား မသိနိုင် ။

If there were no words🎶
No way to speak 🎶
I would still here you🎶
If there were no tears🎶
No way to feel inside🎶
I still feel for you🎶

သီချင်းသံကြောင့် Kong က အသံလာရာကို ခေါင်းလှည့်
မိသည်။ ဒီအသံပိုင်ရှင်ဟာ သူ့ဘဝရဲ့ သက်တမ်းတစ်လျှောက်လုံးကြားခဲ့သမျှထဲမှာ အချိုသာဆုံးအသံပိုင်ရှင်လေး ။ 

Oon က မိုက်ကရိုဖုန်းလေးကိုင်ကာ နံရံထောင့်ချိုးလေး
မှာ ရပ်ဆိုနေသည့်ပုံက သူ့ကို ခံစားမှုတစ်ခုပေးသည်။
ဒါက ဘာခံစားချက်လဲ ။ မျှော်လင့်ခဲ့သော အသံပိုင်ရှင်က
အချစ်ရဆုံးသူဖြစ်နေခြင်းလား ။ သို့မဟုတ် ဖူးစာဆိုတာ
က ဟိုးအရင်ကတည်းက ဒို့နှစ်ယောက်အတွက် ဖန်လာခဲ့
ပြီးသားလား ချာတိတ်ရယ် ။

And even if the sun refuse to shine🎶
Even if romance ran out rhyme🎶
You will still have my heart until the end of
time🎶
You're all I need ,my love , my valentine🎶

Oon နဲ့အလိုက်ဖက်ဆုံးသော သီချင်းတစ်ပုဒ်မို့လားမသိ။
နားထဲမှာ အနှစ်နှစ်အလလစွဲကျန်ခဲ့သော Martina Mcbride အသံတို့ပင် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွား
ရသည်။

Oon ရယ် ~~~မင်းက သူလား ။

Oon ကတော့ ဘာမှ နားလည်မည်မဟုတ် ။ ထိုနေ့က
Oon အသံနဲ့တင် Vivian ရဲ့အရှုပ်ထုပ်စိတ်ညစ်စရာတွေ
က ပြေပျောက်ခဲ့ရတယ်ဆိုတာလေး ၊ Vivian အပေါ်ပြတ်ပြတ်သားသားတွေးသွားနိုင်တာတွေ အားလုံး
Oon အသံလေးတစ်ခုကနေ ဖြစ်ပေါ်သွားတာပါ ။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now