Episode 6

1.6K 148 0
                                    

Episode 6

ညပိုင်းရောက်တော့ နည်းနည်းအေးလာပြီမို့ Oon
က P'Moon ထည့်ပေးလိုက်သော hoodi လေးကို
ဝတ်လိုက်သည်။ ထို့နောက် ~~~

"Ont ~~ပွဲစတော့မယ် လာဟေ "

"အင်း !! လာပြီ ~~~"

Lari ရဲ့ ခေါ်သံကြောင့် Oon က ခေါင်းမှာ စွပ်နေဆဲ
ဦးထုပ်လေးကိုတောင် မချွတ်အားပဲ Lari နောက်
ပြေးလိုက်လာမိသည်။

"Lari ~~ ပွဲက ဘယ်မှာ လုပ်တာလဲ "

"မိန်းမပျိုကြီး အိမ်ထောင့်မှာ!! ~~~"

Oon က ကိုင်ထားတဲ့ ဓာတ်မီးလေးကို ပိုပြီး ကျစ်ကျစ်
ဆုပ်ကာ~~~

"ဟင် !! ဒါဆို တောစပ်နားထိ သွားရမှာပေါ့~~"

ကျွန်တော ပြောခဲ့သလိုပါပဲ ~~ ။ လူပျိုကြီးတွေက
ရွာစပ်မှာနေလို့ အပျိုကြီးတွေက ရွာနောက်ဘက်မှာ
နေရခြင်းဖြစ်သည်။

"အေး ~~ ငါတို့ အတူ သွားရမှာ "

"ဘာလို့ ကွင်းပြင်မှာ မလုပ်တာလဲ "

"ရိုးရာမို့ပေါ့~~~"

၈ နှစ်အရွယ် ကလေးငယ်ကို သူ့မှာ အမေးအမြန်းထူ
နေရသည့်အဖြစ် ။

"ဒီပွဲက ~~ အေဂါ့ အေမာ့ (အမိအဘ) ရှိသေးတဲ့မိန်းမပျိုကြီးအိမ်မှာလုပ်ရတာ~~ညဘက်ပဲ
ရမယ်~~ ယဇ်ဆရာကလဲ ညဘက်ပဲ လုပ်ပေးတာ "

"ဩော် !! အင်း အင်း "

စကားတပြောပြောနဲ့ လျှောက်လာသည်မို့ Oon တူို့
အပျိုကြီးအိမ်သို့ မြန်မြန်ရောက်လာခဲ့ကြသည်။~~~

"အကုန်လုံး ရောက်နေပြီထင်တာ ~~"

Oon က ပွဲကို တစ်ချက်ကြည့်တော့ Khun May တို့
လင်မယားပဲ ရှိသေးသည်။ ဟို Tourist တွေမပါသေး။

"သူတို့ကို Jnoe သွားခေါ်တယ် ~~ မင်းကို Lari ခေါ်
လာတာမလား '

"ဟုတ်တယ် Khun May "

"ထိုင်လေ~~ ခဏနေ ပွဲစတော့မှာ ~~~"

ယဇ်ပူဇော်မည့် အခမ်းအနားမို့လားမသိ ။ တစ်မျိုးကြီး
တော့ ခံစားရသည်။ ဝက်တစ်ကောင်ကို ဘေးနား
မှာ ကြိုးချည်ထားပြီး ခပ်တုတ်တုတ် ဆေးဖယောင်းတိုင်
ကြီး နှစ်တိုင် ထွန်းထားသည်။ယဇ်ဆရာဆိုသူက သူရဲ့
ခေါင်းပေါင်းကို သေချာပြန်ပေါင်းနေသည် ။ ထို့ကြောင့်
Oon သေချာကြည့်မိသည်။ ခါးစောင်းတွင် ဓားမြှောင်
တစ်လက် ထိုးထားသေးသည် ။ ခါးတွင်က ခါးစည်းကြိုး
ကြီးချည်ထားကာ အစကို ဘေးချ တွဲချထားသည်။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now