Episode 15

2.1K 224 19
                                    

Episode 15

ပွဲထဲကနေ ထွက်လာသော Kong က P'Uday ကို တွေ့တော့ ပြုံးပြလိုက်သည် ။ အခုတလော အကိုနဲ့ပင်
Relation က ပြေလည်လာသည်မို့ ။

"ခယ်မလေးရော~ မင်းဆီမှာမလား "

"ဘယ်က ခယ်မလေးလဲ !! "

Kong အပြောကြောင့် Uday က မျက်မှောင်ကျုံ့ကာ ~~

" မင်းမိန်းမ Oon လေ~~~ "

"အိမ်မှာလေ!! "

Kong က ဝိုင်ခွက်ကလေးကို အိမ်ဘက်ညွှန်ပြရင်းပြောလိုက်သည်။

"မဟုတ်ဘူးနော် !!ငါကိုယ်တိုင် ပွဲထဲ ခေါ်လာတာ ~"

"ဘယ်လို !!ဘယ်သူက ခေါ်ခိုင်းလို့လဲ "

Kong  မျက်နှာ ပုပ်သိုးသိုးဖြစ်သွားသည်။

"Khun Raai လေ~~ မင်းဆီ ခေါ်သွားတဲ့ ~~"

"ဟာဗျာ!!လုပ်ပြီ~~ ဒီမိန်းမကို ကျွန်တော့်လက်ထဲပဲ
အတင်းထည့်ပေးနေတာပဲ ~~~"

သူ့စိတ်ထဲ ဒီလို Khun Raai တစ်ယောက် Oon ဘက်က
ရပ်နေသည်ကိုလဲ မကြိုက် ။ သို့သော် အခုအချိန်မှာ
ဒီပြဿနာကို ဖြေရှင်းဖို့က အရေးမကြီးသေး ။

"သူ ပွဲထဲရောက်လာတယ်ဆိုရင် ဘယ်ရောက်သွားရပြန်
တာတုန်း~~ "

"ငါ ဘယ်သိမလဲ !! Parking ထိုးနေတုန်း သူ့ကို ဂိတ်
ဝမှာ လမ်းဆင်းလျှောက်ခိုင်းလိုက်မိတာ '

"ကျစ် !!! ခေါင်းကို ဆင်နင်းတာပဲ ~~~ '

ထိုအချိန် နောက်ကနေ Vivian က သိုင်းဖက်လာသည်မို့
Uday က အံ့ဩသွားမိသည်။

"Vivian ~~ "

"Hello kha ~~P'Uday "

ရိုးရာနှုတ်ဆက်တာထက်ကို အနောက်တိုင်းဆန်သော
Vivian ကို အရင်က မျက်စိ မနောက်ခဲ့သော်လည်း
အခုတော့ အေးဆေးလှသော ခယ်မလေးနဲ့ အကွာကြီး
လို့ တွေးမိသည်။ ပေါင်ကို တစ်ထွာလောက်သာ
ဖုံးနိုင်သည့် ဆွဲသားဂါဝန် ခရမ်းရင့်ရောင်ကို ဝတ်ဆင်
ထားပြီး အပေါ်ပိုင်းကျပြန်တော့ ရင်ညွန့်ပင် မလုံချင် ။

"Darling နဲ့ အဆင်ပြေသွားကြပြီလား "

သူသိခဲ့တုန်းက အထိ P'Uday နဲ့ Kong ဟာ စကားမပြောကြသည်မို့ ။ ထိုတုန်းကလဲ  P'Uday  သတင်းရောင်းသည်နှင့် ပတ်သက်၍ ရန်ဖြစ်ကြခြင်းသာ။
Uday နဲ့ Kong က ရန်ဖြစ်စရာဆိုလို့ သတင်းရောင်းခြင်း
တွေသာ ရှိသည်။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now