Episode 13

2.1K 214 22
                                    

Episode 13

Moon သည် တိတ်ဆိတ်ပြီး ငြိမ်သက်နေတဲ့ ပင်လယ်ကြီး
ရှေ့ရောက်နေတာပါ။ Ko Samui ကမ်းခြေတစ်ကြော
မှာ လှိုင်းပုတ်သံ ပင်လယ်အော်သံကို စိုးစဉ်းမျှ ကြာရခြင်း
မရှိ ။ ကမ်းခြေမှာ ခပ်အေးအေး လမ်းလျှောက်သွားရင်း
သတို့သမီးတစ်ယောက် ရေထဲကို တစ်လှမ်းချင်းဆင်းသွား
သည်ကို တွေ့နေရသည်။ တားချင်ပါသော်လည်း အော်
ဖို့ အင်အားမရှိ ။ ပင်လယ်ထဲကိုသာ ခပ်အေးအေးဆင်း
သွားသော မိန်းကလေးနားအပြေးသွားကာ လက်ကို
ဖမ်းဆွဲလိုက်သည်။ ထို့ကြောင့် မိန်းကလေးက သူ့ဘက်ကို
တဖြည်းဖြည်း လှည့်လာသည်မို့ အကြည့်ချင်းဆုံသွား
လေတော့~~~~

"Onn !!!!!~~~~~ "

ကျယ်လောင်သော အော်သံနဲ့အတူ အိပ်ရာကနေ Moon
တစ်ယောက် ကုန်းရုန်းထလိုက်သည်။တုန်ရီလှိုက်ဖိုနေ
သော ရင်ကို ဖိကာ ဘန်ကောက်မှာ ရစ်ကျန်ခဲ့သည့်
Onn မျက်နှာလေးကို မြင်ယောင်မိသည်။ Moon သည်
Onn နဲ့ပတ်သက်ပြီး စိတ်ပင်ပန်းမှုတွေကို ဘယ်လိုမှထိန်း
ချုပ်မရအောင် ရှိလှသည်။ ဒီရက်ပိုင်းအတွင်း Bank
က သူ့ကို တစ်ယောက်တည်း အချိန်ပေးထားတာ များ
သည်မို့ လူက ငြိမ်နေသော်လည်း စိတ်က မငြိမ်။ ရူးများ
သွားပြီလား ထင်ရ၏ ။ ယုတ္တိမဆန်လှသော အိပ်မက်
ကြီးရဲ့ ခြောက်လှန့်မှုကြောင့် တော်တော်နဲ့ ပြန်အိပ်မရ
ဘဲရှိလှသည်။ Oon အကြောင်းတွေးပြီးအိပ်ခဲ့သော်လည်း
Oon ကို ရောက်ကတည်းက စိတ်စွဲကာ မက်ခဲ့သော အိပ်
မက်မျိုးမရှိ ။ ခုဟာက သူကိုယ်တိုင်ဝယ်ထားသော ဝတ်စုံ
နဲ့ Oon တစ်ယောက် သတ်သေတယ်ဆိုတာ ဘာသဘော
လဲ ။ တကယ်ပဲ Oon ဘဝကြီးကို အရှုံးပေးသွားပြီလား။

Moon က ရုတ်တရက် တံခါးဖွင့်သံကြား၍ လှည့်ကြည့်
မိသည်။ ဖွင့်ထားသော ပြတင်းဆီက ဖြာကျသော လရောင်ဟာ Bank မျက်နှာပေါ်ကို ရွှန်းစိုစွာ သက်ဆင်း
နေသည်။ ထို့ပြင် သူ့ရဲ့ စိုးရိမ်ကြီးသော မျက်ဝန်းညိုညို
လေးများကိုလဲ တွေ့ခွင့်ရလိုက်သည်။ ဒီတိုင်း ရပ်
နေရာကနေ Moon နားလျှောက်လာပြီး Moon လက်ဖျားလေးများကို တယုတယ ဆုပ်ကိုင်လိုက်၏။
ငုတ်တုတ်အနေအထား Moon က သူကိုင်တွယ်ထား
သော လက်များကို ပြန်ရုတ်သိမ်းလိုက်သည်မို့ Bank
က လက်ကလေးများကို ငုံ့ကြည့်ရင်း~~~~

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now