Episode 21

1.9K 199 17
                                    

Episode 21

Kong ရော Oon ပါ ကားကို တောလမ်းအစပ်မှာ ရပ်
ထားခဲ့ပြီး လမ်းသွယ်ကျဉ်းကျဉ်းလေးအတိုင်း လျှောက်
လာခဲ့ကြသည်။ မြေပြင်မှ ခပ်ပါးပါးငေါထွက်နေသော ကျောက်သားကျောက်စိုင်တစ်ချို့ကြောင့် နောက်ကနေ
တက်လာတဲ့ Kong ကို Oon လက်ကလေး ကမ်းပေး
လိုက်သည်။

"Oon လေး ပျော်နေတာမလား "

Oon ရဲ့ ဘာကိုမှ မကြောက်ဘဲ ရှေ့ကနေ သွက်လက်စွာ
သွားနေသော ပုံစံလေးက Kong ရဲ့ အာရုံကို ဖမ်းစား
နေ၏ ။ ကိုယ်သည် ဘယ်လောက်ပဲ ကြီးမားတဲ့ လုပ်ငန်း
တာဝန်တွေ ထမ်းဆောင်ရပါစေ ။ တောင်တက်လေ့မရှိ
တော့ သက်လုံသိပ်မကောင်းချင် ။  Oon ကမ်းပေးလာ
သော လက်ကလေးတစ်ဖက်ကို မြဲမြဲကိုင်ဆုပ်လိုက်သည်။
ပြီးတော့မှ တိမ်တွေ မြူတွေရောယှက်ရစ်သိုင်းနေတဲ့ တောင်ထိပ်ကို တစ်ချက်မော့ကြည့်လိုက်သည်။

" Oon ~~ "

"အင် "

" မောင်တို့ ခရီးကြမ်းကြီးကို အတူတူဖြတ်ရမှာပေါ့နော် "

Oon က အူကြောင်ကြောင်နိုင်စွာပဲ ခေါင်းလေးကို တစ်
ချက် ဖွဖွလေး ညိမ့်ပြတော့ Kong က သူ့လက်ထဲမြုပ်ဝင်
နေတဲ့ Oon လက်ကလေးများကို ပြန်ယူကြည့်သည်။
သွယ်လျနေသော လက်တစ်စုံ မဖြစ်လင့်ကစား အကျည်းတန် စိတ်ပျက်ဖွယ်လဲ မကောင်း ။ သူ့လက်ကို
ဆုပ်ထားရခြင်းက တလောကလုံးကို ပိုင်ဆိုင်ထားသော
အပျော်မျိုး ခံစားမိနေသည်။

" တကယ်လို့ ဒီခရီးကြမ်းမှာ ဘာပဲဖြစ်ဖြစ် မင်းရောမောင်
ရော တစ်ယောက်လက်တစ်ယောက် မလွှတ်ကြေးနော် "

Oon သည် ဝတ်ထားသော ဟူဒီအင်္ကျီလည်ပင်းပေါက်ကို
နည်းနည်းဟလိုက်သည်။ အသက်ရှူကြပ်လာသော
ခံစားမှုနဲ့အတူ ရင်ထဲမှာ လှိုင်းဖြတ်သွားသလို တုန်နေ၏။

" မောင်လဲ မင်းလက်ကို မလွှတ်ဘူး !! လာ သွားမယ် "

ပြောနေတဲ့ပုံက သက်စွန့်ဆံဖျား တိုက်ပွဲကြမ်းကြီးထဲပဲ
ဝင်ရတော့မလိုလို ။ Oon လက်ကလေးရော ခြေထောက်
တွေရော စိတ်အစဉ်ကအစ သူခေါ်ဆောင်ရာနောက် ပါခဲ့
ပါပြီ ။ သူပြောသလိုပါပဲ ။ ဘာတွေပဲကြုံတွေ့ ကြုံတွေ့
သူ့နားမှာ အမြဲနေပြီး သူ့လက်ကို မလွှတ်တော့ပါဘူးလေ။
ဘဝမှာ နောက်ထပ်ကံကောင်းခြင်းဆိုတာ ဘယ်အချိန်မှ
ရောက်လာမယ်မှန်း ဘယ်သူမှ မသိနိုင်တာမို့ ။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now