မျက်ခွံတွေ အရမ်းလေးနေပေမယ့် မအိပ်ဖြစ်သေးတာက ကုတင်အစွန်းတစ်ဖက် သူ့ဘေးကနေရာ လွတ်နေခြင်းကြောင့်ဖြစ်သည် ။

အနားမှာ ဒီကလေးမရှိရင် မျက်ခွံတွေပိတ်မရခဲ့တာလည်း အခုနောက်ပိုင်းမှပင် ဖြစ်သည် ။

ပျင်းပျင်းရှိလာတာနဲ့ ဖုန်းခဏသုံးနေလိုက်၏ ။
noti barပေါ်က ဂဏန်းလေး ၁၂ကနေ ၁ကူးပြောင်းချိန် ဖုန်းပိတ်ပြီး ထပ်လှမ်းကြည့်တော့
ဘယ်အချိန်က အိပ်ပျော်သွားခဲ့သည်မသိ ။

အနားသွားပြီး လက်ထဲကဖောင်တိန်ကို ဆွဲယူ မျက်မှန်ဝိုင်းလေးကို ချွတ်ပေးပြီး စာမေးပွဲဒဏ်ကြောင့် အရင်ကထက်ပေါ့သွားတဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီကာ ကုတင်ပေါ်တင်ပေးရသည် ။

နောက်မှ စားပွဲပေါ်က အနည်းငယ်ရှုပ်ပွနေတဲ့ စာရွက် စာအုပ်တွေကို သေချာသိမ်းပြီး junလုံးလေးဘေးနားဝင်လှဲလိုက်သည် ။

ဘေးတိုက်မြင်နေတဲ့ မျက်နှာလေးမှာ ကလေးတစ်ယောက်လိုမျိုး နူးညံ့လှပတဲ့ ချစ်စရာအစိတ်အပိုင်းလေးတွေ ။

မျက်တောင်စိပ်စိပ်တို့နဲ့ အနားသတ်ထားတဲ့ မျက်ခွံပေါ် အကြင်နာတစ်ပွင့် ခြွေရင်း ညင်သာညံ့သက်ခြင်းအပြည့်နဲ့ တစိမ့်စိမ့်ငေးနေမိခြင်း ။

" love u babe
good night "

ပြည့်ဝခြင်းမရှိသည့် လသည် အစွမ်းကုန်လင်းနေခဲ့သည် ။

💕💕💕💕💕💕

" စိတ်အေးအေးထားပြီးဖြေ
တကယ်လို့ မသိတာတွေရှိရင်လည်း
အရမ်းကြီး အချိန်ကုန်ခံပြီး စိတ်ရှုပ်မခံနဲ့ "

" ဟုတ် "

" အကောင်းဆုံး ကြိုးစားထားတာမို့
သေချာပေါက် ဖြေနိုင်မှာ
ကိုယ် မင်းကိုယုံတယ် "

" သွားတော့မယ်နော် ဦးzhang "

" junလုံး "

ကားပေါ်ကဆင်းတော့မည့် junလုံးရဲ့ လက်တစ်ဖက်ကို ပြန်ဆွဲထားတော့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ကြည့်နေပြန်သည် ။

ဆံပင်ပျော့ပျော့တွေနဲ့ ဖုံးနေတဲ့ နဖူးပြင်ဆီ နှုတ်ခမ်းတွေနဲ့ ထိကပ်တော့ ဆုပ်ကိုင်ထားမိတဲ့ လက်ဖဝါးလေးတစ်ဖက် တွန့်ခနဲဖြစ်သွားသည် ။

My Little Zhang Where stories live. Discover now