ည. (Extra 💛)

13.3K 413 23
                                    

++ပါမယ်နော် ဒီအခန်းမှာ 😁 ကြိုပြောထားတာပါ
မဖတ်ရဲရင် မဖတ်ပါနက်နော် ကိုယ်တောင် လန့်ပါတယ်😁 ဒါက ကိုယ့်လို အထန်သမားလေးတွေအတွက်xD:::

ခွန်လ မနက်စောစော အရေးကြီးအလုပ်ကြောင့်
Company ကို သွားရအုံးမည် ။ ဒီနေ့ မိသားစုနဲ့ အချိန်ဖြုန်းပါမယ်ဆိုမှ ...

ဘယ်တက်နိုင်မလဲ အရေးတကြီးကိစ္စ ဆိုတော့လည်း မျက်နှာလေးတော့ သွားပြပြီးမှ ပြန်လာရမှာပေါ့ ပြန်လာမှပဲ ကလေးတွေနဲ့ရော ကိုယ်ရဲ့ ချစ်ယောကျာ်းလေးနက်ရော အချိန်ဖြုန်းရမယ် ။

ခွန်လ ရေချိုးပြီးပြန်ထွက်လာတော့ ကြယ်ခက ခွန်လဖို့ အင်္ကျီလေး ထုတ်ပေးထားကာ

" ကိုကို့ ဖို့ အင်္ကျီ ထုတ်ပေးထားတယ် ဒီနေ့ နောက်ကျမှာလား? "

" မကျပါဘူး ကိုယ်လက်မှတ်ထိုးပြီးတာနက် ချက်ချင်းပြန်လာ မှာ ကိုယ့် မိန်းမလေးက ဒီည ညစာရှယ်ကျွေးမှာဆိုတော့ "

" ကိုကိုနော် ဘာမိန်းမလဲ "

ကြယ်ခရဲ့ မျက်စောင်းက ခွန်လဆီ ဒိုင်းခနဲရောက်လာသည် ။

" 😁 ကိုကိုက စတာဘာ ကိုယ့်ယောကျာ်းလေးက
ညစာကျွေးမှာဆုတော့ ကိုကိုက အားတွေ ကုန်လို့မရဘူးမလား? "

" 😏မနိုင်ဘူးနော် အဖိုးကြီး "

" ဟား....ဟား....ကိုကိုက အဖိုးကြီးဆို ဟောဒီက ပေပီလေးက အဖိုးလေးပေါ့ အဖိုးကြီးယောကျာ်း အဖိုးလေး "

ကြယ်ခက ခွန်လရဲ့ အင်္ကျီ ကြယ်သီးကို တပ်ပေးနေတော့ ခွန်လရဲ့ ဂွင်ထဲရောက်နေတာပေါ့ အဲ့ဒါကို ခွန်လက အကျိုးရှိရှိအသုံးချလိုက်သည် ။

ကြယ်ခရဲ့ ခါးကို လက်နဲ့ လှမ်းဖက်လိုက်တာကြောင့် ထိကပ်သွားတဲ့ ခန္ဓာကိုယ် နှစ်ခု ၊ ခွန်လက ကြယ်ခရဲ့ နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းလေးနဲ့ ထိကပ်လိုက်သည် ။

လွမ်းနေခဲ့တာ....ဟောဒီ နှုတ်ခမ်းလေး
ကြယ်လေး ဆေးရုံတက်တဲ့နေ့ကလွဲပြီး မနမ်းဖြစ်ခဲ့တာ ပါးလောက်ပဲ နမ်းခွင့်ရခဲ့တာ ၃နှစ် နီးပါးရှိသွားခဲ့ပြီ ။ ခွန်လ ချိုမြိန်လှတဲ့ ကြယ်လေးရဲ့ နှုတ်ခမ်းလွှာကို အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူနမ်းရှိုက်နေသည် ။

ည( Complete)bl fic (Z&U)Season -1 Where stories live. Discover now