ည. အပိုင်း(၂၄)

11.6K 505 25
                                    

ကြယ်ခ တစ်ယောက် အရင်လို အရယ်အပြုံးတွေ
နည်းသွားပြန်ပြီဆိုတာ မိုး ရိပ်မိသည်။

နားနေချိန်ဆိုလည်း အမြဲတမ်းတစ်ယောက်ထဲ စာကြည့်တိုက်ကို သွားသည် ။
မိုး ကြယ်ခကိုချစ်သည်။ မြတ်နိုးသည် ။ ပိုင်ဆိုင်ချင်သည် ။ ဒါ့ကြောင့်လဲ နှင်းအပေါ်ကို မစာမနာ မိုး လုပ်ရက်နိုင်ခဲ့သည် ။ သို့ပေမဲ့ မိုးဟာ အကို နက် ပတ်သတ်လာရင် အရာရာကို ရှုံးနိမ့်ရသူဆိုတော့ မိုးခုလည်း ရှုံးပြန်ပြီ ။
ကြယ်ခ ကိုပိုင်ဆိုင်ချင်ပေမဲ့
မိုးအတွက် အကိုက တံတိုင်းပဲ ။

ကြယ်ခ လည်း အကိုနဲ့သာ ပျော်မယ်ဆိုရင် မိုးလက် လွှတ်လိုက်ပါပြီ ။

အကိုက အမေရိကား ကိုသွားပြီ ။
ဟိုမှာ company အလုပ်တွေကို ကိုယ်တိုင်ဦးစီးပြီး ကြယ်ခ အတွက်ကြိုးစားနေတာ မိုးသိပါသည် ။

ဒါပေမဲ့ ကြယ်ခ ဘာ့ကြောင့် မပျော်ရွှင်ရတာလဲ ။

ခွန်လ ဒီကိုရောက်တာ ဆယ်ရက်ကျော်နေပြီ
ခုချိန်ထိ ဟို ကလေး လေးကိုဆက်သွယ်၍ မရ ။
ခွန်လ ဒီမှာလည်း အလုပ်တွေ က အရမ်းရှုပ်နေတာ နားချိန်တောင်မရှိဘူး ။
သူဟိုကလေး လေးကိုလည်း အရမ်းလွမ်းနေပြီလေ ။ သူ့မှာ အလုပ်တွေပဲ ဖိလုပ်နေရသည် ။ စိတ်ထဲကတော့ ရေရွတ်လိုက်တယ် ။

" ခနလေးပဲ စောင့်ပါ ကလေး ကိုကို မြန်မြန် ပြန်လာခဲ့မယ် "

After 4 months later: :

ကြယ်ခ မလိုချင်သောနေ့ရက်တွေကိုရောက်လာပြီ
မင်းအောင်ခန့် ဆိုတဲ့ လူကြီးက နိုင်ငံခြားကနေပြန်လာပြီ ။ ကြယ်ခ နဲ့စေ့စပ်ဖို့တဲ့ ကိုကြီးက ဟိုကနေပြောတော့ ကြယ်ခ မငြင်းနိုင်။
ကြယ်ခ လက်ခံဖို့သာ တတ်နိုင်တဲ့ဘဝပဲ ။

သို့ပေမယ့် ကိုကို့ကို အရမ်းလွမ်းသည် ။
သတိရသည် ။ ကိုကိုနဲ့ခွဲခွာ ရမည် ကိုသိတာကြောင့် ကျနော် ဘယ်လိုမှ ထိန်းလို့မရတဲ့ မျက်ရည်တွေ ကျနော့်ပါးပြင်ထက်မှာ နေရာယူထားကြပြီလေ....

ကိုကို နဲ့ ခွဲခွာ ခဲ့တာ ခုဆို ၄လရှိပြီ ။
စေ့စပ်ပွဲက ဒီအပတ်ထဲမှာ လုပ်မှာတဲ့
ကျနော် မျက်စိစုံမှိတ်ထားလိုက်သည် ။
ကျနော့်သူငယ်ချင်းတွေကို ကျနော်ပြောရမှာရှက်တယ် ။ ကျနော်ချစ်တဲ့ကိုကိုနဲ့သာဆိုရင် ကြယ်ခ တစ်ကမ္ဘာလုံးသိအောင် ပြောဆိုလျှင် ကြယ်ခပြောမှ မလွဲဧကန် .....
ခုတော့ ကျနော် ဘယ်လို ပြောရမလဲ ။
အကုန်လုံးကို မသိစေချင်ရင်တောင်
ရန်ဝေ တို့ကို ပြောပြရမည်မဟုတ်လား?

ည( Complete)bl fic (Z&U)Season -1 Wo Geschichten leben. Entdecke jetzt