ည. အပိုင်း(၂၂)

12.1K 572 26
                                    

At Morning....

နေ့သစ်တစ်ရက်ကို ကိုကိုနဲ့အတူ နိုးထခွင့်ပေးတဲ့
ကံကြမ္မာကို ကြယ်ခ ကျေးဇူးတင်မိတယ် ။
ပင်လယ်လှိုင်းခတ်သံနဲ့အတူ ပြတင်းပေါက်ကဝင်လာတဲ့ ပင်လယ်လေနံ့သင်းသင်းလေးဟာလည်း ကျနော့်ကိုဂုဏ်ပြုနေသယောင်....
ညက ကိုကိုနဲ့ အတူ အချစ်တင်းနှောခဲ့တာကို
ပြန်တွေးမိပြီး ရှက်သွေးကြွယ် မိနေပြန်ပြီ.....

ကျနော်ဟာ....ယောကျာ်းတစ်ယောက်ပေမဲ့
ယောကျာ်းတစ်ယောက်ရဲ့ သိက္ခာကိုတောင်
စွန့်လွှတ်ရတဲ့ထိ ကိုကို့ ကိုချစ်တာပါ ။

ဆိုင်သူကို မသိစေပဲ
တစ်ဖက်သတ် ချစ်ရတဲ့ခံစားချက်ဟာ
အရမ်းကို နာကျင်ရပါတယ် ကိုကိုရယ်~~~~

ကျနော့်ရဲ့ပထမဆုံးကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက်လဲ
ကိုကို ကျေနပ်နေမှာပါ.....
ကျနော်ဆိုတာဟာလေ ကိုကိုနဲ့ပတ်သတ်လာရင်
အကောင်းဆုံးတွေကိုပဲ ဖန်တီးပေးချင်တာပါ ။
ကျနော်ခြောက်နေလို့ မဟုတ်ပါဘူး ။ ကျနော်ဟာလည်း ယေကျာ်းတစ်ယောက်ပါ ။
ကျနော်ချစ်မိတဲ့သူက ကိုကိုဖြစ်နေတာပါ....
ဒါမဲ့ကျနော် ယောကျာ်းတိုင်းကို မချစ်ပါဘူး။
ယောကျာ်းတိုင်းပေါ်ကို သာယာမိနေတာ မဟုတ်ပါဘူး..... ကိုကိုတစ်ယောက်တည်း...
ကိုကိုတစ်ယောက်တည်းကိုသာ
ချစ်မိ ၊ သာယာမိတာပါ~~~

တစ်ချိန်ထဲမှာပဲ
ကိုကိုဟာ သူ့အတွက်ပထမဆုံးပေမဲ့ ကိုကို့အတွက်သူဟာ ပထမဆုံးလူ မဟုတ်ခဲ့ဘူးဆိုတဲ့ အသိက ရင်ဘတ်ထဲမှာ တစ်ဆစ်ဆစ်နဲ့ နာကျင်နေတယ် ။

ကြယ်ခ အတွေးကမ္ဘာထဲရောက်နေတာကို ရပ်ပြီး
သူရောက်နေတဲ့ ရင်ခွင်ကျယ်ကြီးရဲ့ ပိုင်ရှင်
ကိုကို့ ကိုယ်သင်းနံ့လေးတွေကို ရှုရှိုက်နေမိတယ် ။
နှုတ်ခမ်းဖျားကလည်း ကိုကိုရဲ့ရင်ခွင်ကြီးကို
အနမ်းပန်းလေး တစ်ပွင့်ခြွေချမိတယ် ။

ခွန်လ လည်းရင်ခွင်ထဲက ကောင်လေးကြောင့်
နိုးလာခဲ့တယ် ။ နဂိုထဲက မြတ်နိုးနေပါပြီဆိုတာကို
ညက ဒီကောင်လေးဆီက ရရှိလိုက်တဲ့
သာယာမှုက ခွန်လကို ပို၍ပင် ဆွဲဆောင်နေပြီလေ
ခွန်လ ဒီကောင်လေးကို ပိုင်ဆိုင်ချင်ပါဘိ.......

ခွန်လ မျက်လုံးမှိတ်ပြီး ညက အရိပ်ယောင်တွေကို
ပုံဖော်ပြီး ခံစားချက်တစ်ခုတိုင်းကို အလွတ်မှတ်မိနေတယ် ။
ပြီးတော့ ကြယ်ခ နား နားကိုတိုးပြီး

ည( Complete)bl fic (Z&U)Season -1 Where stories live. Discover now