ည. အပိုင်း(၁၀)

13.2K 682 5
                                    

မိုးတစ်ယောက် ကြယ်ခက snowကိုနှင်းနဲ့တူတယ်လို့ပြောတာကြောင့် စိတ်ထဲဘဝင်တော့မကျဘူး ။
စိတ်ထဲကတခုခုကိုစိုးရိမ်နေသလိုပဲ
နောက်ပြီး အကိုနဲ့ ကြယ်ခကရော
ခုနကငါမြင်ခဲ့ရတဲ့ မြင်ကွင်းကကော
ဘာလဲ....
အကိုက ကြယ်ခကိုချစ်နေတာလား
ကြယ်ခဘက်ကတော့ငြင်းဆန်နေတဲ့ပုံပဲ

မနက်ကမိုးကို အကိုလိုက်မပို့တော့ မိုးလဲကိုယ့်ဘာသာကားမောင်းပြီးထွက်လာတယ် ။
ကျောင်းရောက်တော့ စောနေသေးတော့
ထိုင်နေမယ်ဆိုပြီး ထွက်လာတာ
မြင်လိုက်ရတဲ့မြင်ကွင်းက အကိုကကြယ်ခကိုနမ်းနေတာ ကြယ်ခကတော့အတင်းတွန်းထုတ်နေတယ်။
မိုးလဲ ကိုယ်ချစ်တဲ့သူကို ကိုယ့်အကိုအရင်းကအတင်းနမ်းနေတဲ့မြင်ကွင်းကို
ဆက်မကြည့်နိုင်လို့ထွက်လာခဲ့တယ် ။
သူသွားလိုက်ရင် ကြယ်ခရှက်ပြီး သူ့ကိုရှောင်နေမှာမိုးသိတယ် ။
ကြယ်ခအကြောင်းကိုမိုးအသိဆုံး
ုကြယ်ခ အနားမှာ မိမိကလွဲပြီး ဘယ်သူ့ကိုမှမမြင်ချင်ဘူး.....
ဒါ့ကြောင့်လဲ ကြယ်ခအနားကိုကပ်လာတဲ့သူအကုန်လုံးကို
မိုး ရက်စက်စွာ ပြုမူပြီး... ကြယ်ခအနားကိုမကပ်အောင် မိုးလုပ်ခဲ့တာ

မိုးနဲ့အကို ဆို အမြဲတမ်းမိုးပဲရှုံးတာပါ
ဒါမဲ့အရင်တုန်းက ကိစ္စတွေကအသေးအဖွဲ့မို့
မိုးအတွက်ရှုံးလဲကိစ္စမရှိပေမဲ့
ခုကိစ္စက မိုးချစ်တဲ့သူ ၊ မိုးရဲ့ဘဝ
သူ့အတွက်ဆို မိုးအကုန်လုပ်ခဲ့တာ
မိုးနဲ့အကို့မှာ တူညီတဲ့အရာတခုက စိတ်ပဲ
ခွန်လကလဲ လိုချင်တာကိုရအောင်ယူတတ်တယ်
သူမရရင်တောင် သူလိုချင်တဲ့ဟာကို တခြားသူကိုမပေးဘူး ဖျပ်စီးပစ်တယ် ။
မိုး ကကော သူ့အကိုလိုပဲ သူလိုချင်တာမရ ရအောင်ယူတတ်တယ် ။
ငယ်ငယ်တုန်းက မိုးမှတ်မိသေးတယ်
အကိုကော မိုးကောလိုချင်တဲ့အရုပ်လေး
အရုပ်ကတစ်ခုပဲရှိတော့တယ် ။
အကိုကအရုပ်တွေနဲ့ဆော့တာရှားတယ်
ဒါမဲ့ရှားရှားပါးပါးအဲ့အရုပ်လေးကို အကိုကလိုချင်တယ်တဲ့လေ
အဖေနဲ့အမေက အမြဲအကို့စကားတခွန်းပဲ
မိုးကအငယ်ဆိုပေမဲ့ အကိုကအငယ်လိုပဲ
အဖေနဲ့အမေ့ရဲ့ချစ်ခြင်းတွေကို ပိုရတယ်လေ
အကိုလိုချင်တယ်ဆိုလို့ အမေကဝယ်ပေးလိုက်တယ် ။
မိုးလဲကလေးဆိုတော့ အကို့အလစ်မှာခဏယူဆော့မိတယ် ။
အကိုကမြင်လဲမြင်ရော အဲ့အရုပ်ကိုတစဆီလုပ်ပစ်လိုက်တယ် ။
မိုးကို အကိုက အလျော့မပေးတာမဟုတ်ပေမဲ့
အခုကြီးလာတော့ မိုးကိုအလိုလိုက်ပါတယ်။
အကြီးဆိုတော့ တခါတလေဆုံးမတာတွေ ရှိတယ်
မိုးလဲနားထောင်ပါတယ် ။

ည( Complete)bl fic (Z&U)Season -1 Where stories live. Discover now