ည. အပိုင်း(၁၆)

11.5K 569 5
                                    

မိုး..... ကြယ်ခ ကိုချစ်လွန်းလို့ ကျူးလွန်မိတဲ့အမှား ဒါမဲ့ နောင်တမရဘူး
ကြယ်ခ သူ့ကိုမုန်းသွားမှာသာ သူကြောက်တာပါ။

မိုး ဆယ်တန်းတတ်တော့ ဘော်ဒါသွားနေတယ် ။
အဲ့မှာကြယ်ခနဲ့ ရန်ဝေတို့နဲ့ခင်ပြီးတော့ မိုး ကြယ်ခကို ချစ်မိသွားတယ် ။
မိန်းကလေးဖြစ်နေတာကြောင့် မိုးမိန်းကလေးသိက္ခာကို စောင့်ထိန်းပြီး...
ကြယ်ခနဲ့ သူငယ်ချင်းလိုပဲနေခဲ့တယ် ။

တနေ့ကြယ်ခက သူနှင်းဆိုတဲ့ကောင်မလေးကို
ချစ်မိနေပြီတဲ့.....မိုးရင်ကို ဓားနဲ့မွှန်းသလို ခံစားရတယ် ။

နှစ်လလောက်ကြာတော့ ကြယ်ခနဲ့ ရည်းစားဖြစ်သွားပြီတဲ့...
မိုးအဲ့နှင်းဆိုတဲ့ မိန်းမကို အရမ်းမုန်းတယ် ။

မိုး ကြယ်ခသွားတွေ့တဲ့အချိန်ဆို နောက်ကနေလိုက်ကြည့်တော့
ပါးချိုင့်လေးနဲ့ကောင်မလေး ချစ်ဖို့ကောင်းတယ်
ကြယ်ခကလဲ သူနဲ့တွေ့ရင် အပြုံးလေးတွေက
အသက်ပါနေတယ်.....

ကြယ်ခနဲ့စတွေ့တော့ ကြယ်ခက အရယ်အပြုံးနည်းတယ် ။
နောက်မှ အရမ်းခင်သွားတော့မှ သူ့အဖေဆုံးပြီးထဲက အဲ့လိုဖြစ်သွားမှန်းသိတာ
မိုး ကြယ်ခကိုသနားပြီး အရမ်းချစ်သွားတယ် ။
ကြယ်ခ ကိုအမြဲပြုံးစေတယ် ။

ဒါမဲ့ နှင်းဆိုတဲ့ မိန်းမက ကြယ်ခကို သူ့ဆီကနေလုသွားတယ် ။
ကြယ်ခ မသိတဲ့ အချိန် နှင်းကို သွားတွေ့တယ် ။

မိုးဘာမှမသိဘူး ။ မိုးသိတာက ကြယ်ခ နားကနေ နှင်းကိုမောင်းထုတ်ဖို့ပဲ ။ ကြယ်ခနားကို ကပ်လာတဲ့ဘယ်သူမဆို မိုးရဲ့ရန်သူပဲ ။

မိုး နှင်းကို ကြယ်ခသွားတွေ့နေတဲ့စာအုပ်ဆိုင်မှာ
သွားတွေ့လိုက်တယ် ။

" youက နှင်းလား"

မိုးမေးလိုက်တော့ နှင်းက စာဖတ်နေရင်း
မော့ကြည့်လာတယ် ။ နှင်းက ကြယ်ခကြွေလဲ ကြွေချင်စရာလေးပါ ။ ညိုချောလေးရယ်
မိုးထက်တောင် ချောနေသေးတယ် ။
မိုးကိုရယ်ပြတော့ ပါးချိုင့်လေးတွေက ထင်းလို့

" ဟုတ်ပါတယ်..... ဘာကိစ္စရှိလဲမသိဘူး "

" youက ကြယ်ခနဲ့ ချစ်သူတွေလား "

ည( Complete)bl fic (Z&U)Season -1 Where stories live. Discover now