ည. အပိုင်း(၁၄)

11.1K 616 6
                                    

Snow မုန်းတဲ့ မိုးကို snowလှလှပပကြီး
လက်စားချေပြမယ် ၊ snowနာကျင်သလို
Snow ဝမ်းနည်းသလို ပြန်ခံစားစေရမယ် ။
နင့်ကြောင့် snowဆုံးရှုံးခဲ့ရတဲ့ အချစ်......

Snow ,မိုးလက်ကိုဆွဲပြီး အပေါ်ထပ်တတ်လာပြီး
အခန်းပြသလိုလို ဘာလိုလိုနဲ့ ကြယ်ခပုံတွေ
ကပ်ထားတဲ့ snowရဲ့ ကုတင်ခေါင်းရင်းကိုမြင်အောင်ပြလိုက်တယ် ။
သူ့ရဲ့ဖြစ်ပျက်သွားမဲ့ မျက်နှာကိုမြင်ချင်တယ် ။

မိုးကမြင်တော့ မျက်နှာကမှောင်မဲသွားတာပဲ ။

" ဟမ် ဒါ...ဒါတွေက "

" Oh! မိုး မြင်သွားပြီ ၊
ရှက်လိုက်တာ မိုးရယ် ကြယ်ခကိုမပြောပါနဲ့နော် "

" snowက ကြယ်ခနဲ့ facebookမှာ friဖြစ်နေတာလေ အဲ့မှာထဲက ကြယ်ခရဲ့ fanလိုဖြစ်နေတာ ကြယ်ခပုံက idolတယောက်လိုမျိုးဆိုတော့ snowလဲ အဲ့ထဲက ကြွေနေမိတာ uniမှာ ပြန်တွေ့တော့လဲ snowအရမ်းပျော်သွားတာ ၊ ဒါ့ကြောင့် ကြယ်ခကိုအရမ်းခင်ချင်တာ ၊ သူ့ကိုအရမ်းလဲချစ်တယ်လေ ၊ အာ့ကြောင့်မိုးတို့နဲ့ခင်ချင်တာ 😁😁 "

" မိုး သဘောတူတယ်မလား "

မိုးမျက်နှာ သိသိသာသာတင်းမာလာတာ
Snowသတိထားမိတာပေါ့ ၊
မိုးအဲ့လိုဖြစ်အောင် snow
တမင်တကာပြောနေတာ
Snowသူ့ကိုမုန်းလိုက်တာ

" ကြယ်ခနဲ့ပဲဆိုင်ပါတယ် ။ ကြယ်ခသာ snowကိုချစ်ရင် မိုးတို့က လက်ခံပေးရမှာပေါ့၊
ကြယ်ခ ကတွေ့ကရာလူကို လွယ်လွယ်နဲ့မချစ်တတ်တာတော့ မိုးသိတယ် "

" ဟယ်..... ဟုတ်လား snowအတွက်ကောင်းတာပေါ့
ပြီးတော့ ကြယ်ခက ရည်းစားမရှိဘူးလို့ ကြားတယ် ။ snow အရမ်းပျော်တာပဲ ။ ကျေးဇူးနော်မိုး..... snowကိုခုလိုပြောပြတာ
လာ ကြယ်ခတို့စောင့်နေရောပေါ့ "

ဘာလဲ snowဆိုတဲ့ ဟာမကဘာလဲ ကြယ်ခနားကိုတမင်လာချဉ်းကပ်တာလား?
ဟက်...... ဆုတောင်းလေ
နင်လိုချင်တာက အက်လောက်မလွယ်ဘူး။
ငါ့ကို သက်သက်မဲ့ ကြယ်ခကိုသူချိန်နေတယ်ဆိုတာ
စိန်ခေါ်ပြီးလာပြတာ
ဟွန့်......နင်ကတောင် သတ္တိရှိနေမှတော့
ငါကလဲဟန်ဆောင်ပြသေးတာပေါ့ ။
နင်လိမ်တိုင်ခံရမဲ့ထဲမှာ ငါမပါဘူး မှတ်ထား
ငါက နင်ကြိုးဆွဲတိုင်းခံရမဲ့ သူမဟုတ်ဘူး ၊
ဒီကမ္ဘာမှာ ငါရှုံးတဲ့သူက ငါ့အကိုတယောက်ပဲရှိဖူးသေးတယ် ။
ဒါမဲ့........
နင်ကငါရှုံးရအောင် အက်လောက်မတော်ဘူး ။
နင်ကတော့ ငါ့ကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူး ။

ည( Complete)bl fic (Z&U)Season -1 Where stories live. Discover now