ည. (၃၈)

11.2K 405 6
                                    

ကြယ်ခ တစ်ယောက် ညက ခွန်လနဲ့အတူ
ချစ်ပင်လယ်ကူးထားတာကြောင့် ခန္ဓာကိုယ်တွေ ကိုက်ခဲနေသည် ။ သို့သော် ထနေကြအချိန်ဖြစ်တာကြောင့် မျက်လုံးက ပွင့်နေသည် ။ ကြယ်ခ မိမိဘေးမှာ အေးချမ်းစွာ အိပ်နေသော ချစ်ရသူကြီးကို ချစ်ရည်ရွှန်းစွာ ကြည့်နေပြီး ချစ်ရသူရဲ့ နှဖူးထက်ကို အနမ်းခြွေမိသည် ။ အောက်ပိုင်းက နာကျင်နေသော်လည်း ကြိုးစားထကာ ရေချိုးခန်းထဲမှာ သန့်ရှင်းလိုက်သည်...

ရေမိုးချိုးပြီး မနက်စာလုပ်ပေးရန်ဆင်းလာလိုက်သည် ။
ကြယ်ခ က ခွန်လအတွက် မနက်စာကို ကိုယ်တိုင်ပြင်ပေးနေကြမို့ ဒီနေ့လည်း ချစ်ရသူအတွက် ပင်ပန်းနေပေမယ့်လည်း ဆေးသောက်ကာ မနက်စာလုပ်ပေးရန် မီးဖိုချောင်ရောက်နေတာဖြစ်တယ် ။

ကိုကိုဟာလေ ကြယ်လေးလုပ်ပေးတဲ့ မနက်စာဆို သိပ်ကြိုက်တာ... ကြယ်လေးကလည်း ကိုကို့အတွက် မနက်စာလေးတွေကို ကိုယ်လုပ်တက်သလောက် တနေ့တမျိုးမရိုးအောင်လုပ်ပေးတက်သည် ။

ခုလည်းကိုကို့အတွက် ပေါင်မုန့်မီးကင်ပြီး ယိုလေးသုတ်ကာ ကြက်ဥကြော်လေးနဲ့ ပန်းသီးဖျော်ရည်လေး လုပ်ပေးထားသည် ။ ထမင်းကြော်ပေးမလို့ပဲ ဒါပေမယ့် ညက ဒဏ်ရာက ညှော်နံ့ခံရင် မကျက်မှာစိုးတာကြောင့် မကြော်ဖြစ်ပဲ လွယ်တဲ့ဟာလေးပဲ လုပ်လိုက်တာပါ

ထိုစဉ် အနောက်ကနေ သိုင်းဖက်လာတဲ့သူကြောင့်
ကြယ်ခ ပြုံးမိသည် ။

" ကလေးရယ် ဘာလို့ ဒါတွေ ထလုပ်နေရတာတုန်း ညကလည်း ပင်ပန်းထားတာကို အေးအေးဆေးဆေးနားတာ မဟုတ်ဘူး...  "

" ရပါတယ် ကိုကိုရဲ့ ကြယ်လေးက အကျင့်ဖြစ်နေလို့ ကိုကို မျက်နှာသစ်ပြီးပြီးလား?
သစ်ပြီးပြီဆိုရင် ပူတုန်းလေး တစ်ခါထဲ စားလိုက်တော့ "

" omm သစ်ပြီးပြီ "

" ဒါဆိုလာ ထိုင် လက်ကိုလွှတ်ပေးအုံး "

ကြယ်ခ ပြောကာ မိမိကိုဖက်ထားသော ခွန်လရဲ့ လက်ကို ဖြုတ်ကာ ထမင်းစား စားပွဲခုံပေါ်ကို စားစရာတွေ ချပေးလိုက်သည် ။ ခွန်လကတော့
မေးစေ့ကို လက်ထောက်ကာ ကြယ်ခလုပ်သမျှကိုသာ လိုက်ကြည့်နေတယ်....

ည( Complete)bl fic (Z&U)Season -1 Where stories live. Discover now