သူ့လက်အကိုက်ခံရတဲ့ ကောင်လေးကလည်း
junလုံးကို တစ်ခါပြန်ရိုက်နဲ့
သူတစ်ပြန် ကိုယ်တစ်ပြန် ထုရိုက်ရင်း
ရန်ဖြစ်ကြတော့သည် ။

" ကိုကြီးjunလုံးကွ ချထား "

" ကိုကြီးjunလုံး! ကိုကြီးjunလုံး! "

အများနဲ့တစ်ယောက်လိုဖြစ်နေတဲ့ junလုံးတို့ဘက်မှာ
ကျန်တဲ့ကလေးတွေက ဝင်မပါကြပေမယ့်
ဘေးကနေ ဝိုင်းအားပေးသည်မို့
junလုံးအတွက် ပိုအားဖြစ်သည်ကတော့အမှန် ။

💕💕💕💕💕💕

ရန်ဖြစ်လို့ ရဲစခန်းမှာလာခေါ်ပေးပါဆိုသည့်
ဖုန်းကြောင့် အစည်းအဝေးခန်းထဲမှ
လူကြီးတွေကိုတောင် အားမနာနိုင်ဘဲ
ထပြေးလာခဲ့ရသည် ။

ဦးလေးမင်ကို အရင်ဆုံးသွားခိုင်းထားပေမယ့်
အဲ့ဒီအဆိုးအပေလေးက သူ့ကိုဘဲခေါ်ပေးဆိုပြီး
ကျိန်းသေပေါက် ရစ်နေလိမ့်ဦးမှာ ။

" ကလေးငယ်! "

" အဟင့် ဦးကျန်း "

စခန်းထဲဝင်ဝင်ချင်း ဟိန်းထွက်သွားတဲ့ သူ့အသံနောက်
ဦးလေးမင်နောက်မှာ ပုန်းနေတဲ့
junလုံးက သူ့ဆီပြေးလာသည် ။

" အတူဆော့တဲ့ ကလေးတွေဆီကနေ
ကျောင်းသားတစ်ယောက်က မုန့်လုစားရင်းနဲ့
ဖြစ်ကြတာပါ ...
သိပ်ပြီး မကြီးကျယ်တာမို့ ပြန်ခေါ်သွားလို့ရပါပြီ "

" ကျေးဇူးတင်ပါတယ် "

" junလုံးမမှားဘူး သူမှားတာ
သူက junလုံးသူငယ်ချင်းဆီက မုန့်ကိုအရင်လုတာ "

ဆူမှာစိုး၍လားမသိ
ဘာမှမပြောရသေးခင်
ဦးစွာ တိုင်တန်းသည့် အသည်းအသက်လေး

ပြီးတာနဲ့ ဘေးဘက်တွေကို တစ်ချက်ဝေ့ကြည့်ပြီး
အပေါ်ကုတ်အင်္ကျီထဲ ခေါင်းတိုးဝင်လာသည် ။

ကြည့်ရတာ အမှုစစ်တွေရဲ့ရှေ့မှာ
အစစ်ဆေးခံနေရတဲ့ လူဆိုးလူမိုက်တွေကို
ကြောက်နေသည်ထင်ပါ့ ။

ပခုံးတစ်ဖက်ကို သိုင်းဖက်လိုက်ပြီး
ရင်ခွင်ထဲဆွဲသွင်းတော့ junလုံးကို
ခေါ်ထားပေးတဲ့ တာဝန်ခံရဲက
ပြုံးပြီးကြည့်နေသေး ။

အဖမ်းခံထားရတဲ့ ဒုစရိုက်ကောင်တစ်ချို့က
သံတိုင်တွေကြားကနေ အစာတွေ့တဲ့မြေခွေးအိုလိုမျိုး
သူ့အချစ်လေးကို လှမ်းကြည့်နေကြတာတွေ့တော့
စခန်းထဲမှ ချက်ချင်းပင် ထွက်လာလိုက်သည် ။

My Little Zhang Donde viven las historias. Descúbrelo ahora