" ရန်တော့မဖြစ်ရဘူးနော် "

" ဟုတ်ကဲ့ တာ့တာ ဦးလေးမင် "

အိမ်ထဲပြန်ဝင်ကာ
အဖြူရောင်ဖိနပ်လေးကို လဲစီးပြီး
ပြန်ထွက်လာသည့် junလုံးက
လက်ထဲမှာလည်း ချောကလက်နှစ်ခုနဲ့ဖြစ်သည် ။

အဝေးကနေ လှုပ်တုတ်လှုပ်တုတ်နဲ့ လျှောက်လာတဲ့
junလုံးကိုမြင်တော့ ကစားကွင်းထဲမှာ
ဆော့နေတဲ့ ကလေးတွေက ပြေးလာကြသည် ။

" ကိုကြီးjunလုံးလာပြီကွ "

" ဒီမှာကြည့်
ငါ မင်းတို့အတွက် မုန့်ယူလာတယ် "

" ရေး "

လက်ထဲမှာကိုင်ထားတဲ့ ချောကလက်နှစ်ခုကို
အညီအမျှခွဲခြမ်းပြီး ဝေပေးလိုက်သည် ။

မုန့်ရလို့ ပျော်နေတဲ့ ကလေးတွေက
သူ့လက်ကိုဆွဲပြီး ဝိုင်းကြီးပတ်ပတ်လုပ်နေကြသေးတာ ။

" ငါ့ကိုနည်းနည်းကျွေး "

ကလေးတစ်ယောက်ရဲ့လက်ထဲက ချောကလက်ပိုင်းလေးကို
လုယူသွားတဲ့ ကျောင်းသားတစ်ယောက်

အငယ်တွေအပေါ် အနိုင်ကျင့်ပြီး
အမြဲမုန့်လုစားတတ်တဲ့ ထိုကျောင်းသားကို
junလုံးသိသည် ။

ဆိုးသွမ်းသည့် ဒီကျောင်းသားနဲ့ ရန်ဖြစ်ရင်
သူတို့ဘဲခံရမှာမို့ အကြီးဆုံးပီပီ junလုံးကဘဲ
ဖြေရှင်းပေးရမည် ။

အဲ့လိုမှမဟုတ်ဘဲ ဒီကျောင်းသားက
အရင်လာတိုက်ခိုက်ရင်တော့ junလုံးကဘဲ
ဒီကလေးတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး
ရန်ဖြစ်ပေးရမည် ။

" မင်းကို ငါ့ဆီကခွဲပေးမယ်လေ
အဲ့ဒါ သူ့ကိုပြန်ပေးလိုက် "

" မပေးဘူး
မင်းဟာကိုခြမ်းလိုက်ရင် ချောကလက်က သေးသွားမှာပေါ့ "

" ငါ မင်းကို ပိုကြီးကြီးပေးမယ်လေ "

" မပေးတော့ဘာလုပ်ချင်လဲ "

" ငါက အကြီးနော် ငါ့စကားနားထောင်! "

အကြီးကိုအကြီးမှန်းမသိဘဲ မထီမဲ့မြင်လုပ်ပြီး
ထွက်သွားဖို့လုပ်နေတဲ့ ကျောင်းသားကို
junလုံး စိတ်တိုလာပြီ ။

" ပြန်ပေးလို့ပြောနေတယ်နော်
ပြန်ပေးဟာ! "

ကြာတော့ စိတ်ကမရှည်တော့ဘဲ
ကျောင်းသားလေးရဲ့ လက်ကိုဆွဲကိုက်ပြီး
ပြန်လုယူတော့သည် ။

My Little Zhang Where stories live. Discover now