ABG30D:014(a)

3.1K 356 18
                                    

ဒီနေ့ ၀မ်ကွမ်းနင် မူမမှန်ဘူးလို့ ကျန်းလင်းရီ ထင်နေတယ်။

ဝမ်ကွမ်းနင်ဟာ ဉာဏ်ကောင်းတယ်ဆိုပေမဲ့ တကယ့် Genius တော့ မဟုတ်ဘူး။ တကယ်တော့ သူ့ကို စာကြိုးစားတဲ့ဘုရားလို့ ခေါ်ရမယ်။ အကယ်လို့ သူသာ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ အားမာန်အပြည့်နဲ့ ကြိုးစားမယ့်လူတစ်ယောက် .......။

အဲ့တာကြောင့် ၀မ်ကွမ်းနင်ဟာ ဒီလို revision ပြန်တဲ့ အချိန်ဆိုရင် အမြဲတမ်း ထိပ်ဆုံးကနေ ကြိုးစားတဲ့ လူတစ်ယောက်ပဲ။

ဒါပေမဲ့ ဒီနေ့ ကျန်းလင်းရီ စာကြည့်တိုက်မှာ စာသွားလုပ်ဖို့ သူ့ကို ခေါ်တော့ ငြင်းခံလိုက်ရတယ်။ ဒါ တစ်ခုခုတော့ မှားနေသလိုပဲ ....။

ဒါ​ကြောင့်​ ဘဝမှာ ပထမဆုံးအကြိမ်​ အ​နေနဲ့ ကျန်းလင်းရီ ​အ​စောကြီးထပြီး ဝမ်​ကွမ်းနင်​ဆီ ​ပြေးသွားတယ်​၊ ​နောက်​ဆုံး​တော့ စန်းစီးယန်​ ဆီ​က​နေ ထိတ်​လန့်​စရာ သတင်းကို သိလိုက်​ရတယ်​။

ဝမ်ကွမ်းနင် မနေ့ညက အဆောင်ကို ပြန်မလာဘူး .......

မနေ့ညက သူနဲ့ ၀မ်ကွမ်းနင် ကျောင်းကို ပြန်လာကြတော့ အဆောင်အောက်မှာတင် နှုတ်ဆက်ခဲ့ကြတာ။ ဒါဆို ၀မ်ကွမ်းနင် သူနဲ့ နှုတ်ဆက်ပြီးသွားတော့ အပြင်ကိုများ ထပ် ထွက်သွားတာလား။

ကျန်းလင်းရီ ခေါင်းခြောက်လာတယ်။

ကျန်းလင်းရီ ဟာ ရှင်းရှင်းဘွင်းဘွင်း ​လူမို့ သူ့စိတ်​ထဲ သံသယ ဖြစ်​တာနဲ့ သူတစ်​ခါတည်း တဖက်​လူကို ​ဖုန်း​ခေါ်လိုက်​တယ်​။

ဝမ်​ကွမ်းနင်​ ဖုန်းမြည်​လာ​တော့ ကိုင်​လိုက်​တယ်​။

"ရှို့ရှို့၊ စန်းစီးယန်​​ ပြော​တော့ မင်းမ​နေ့ညက အ​ဆောင်​ပြန်​မလာဘူးဆို၊ ဘယ်​သွားတာလဲ?"

"ငါအဆင်​​ပြေတယ်​၊ မင်းစိတ်​ပူစရာ မလိုဘူး"

ဝမ်​ကွမ်းနင်​ ပင်​ပန်းနွမ်းနယ်​​နေတဲ့အသံနဲ့ အလိုက်​သင့်​သလိုပဲ ပြန်​​ပြောလိုက်​တယ်​။

ပြောပြီးတာနဲ့ နှာတစ်​ချက်​ ​ချေပြီး သူဖုန်းမြန်​မြန်​ ပြန်​ချလိုက်​တယ်​။

Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)Where stories live. Discover now