ABG30D:013(b)

4K 467 55
                                    


---

ကျန်းလင်းရီ ပြုံးရွှင်​သွားပြီး hair dryer ကို မီးပလပ်​​ပေါက်​ထဲ ထိုးထည့်​လိုက်​တယ်​။ Hair saloon က အကိုကြီး​တွေ လုပ်​တာကို ​သေချာမှတ်​ပြီး သူ ဝမ်​ကွမ်းနင်​ ဆံပင်​​တွေကို ​လေ​မှုတ်​စက်​နဲ့ ​သေချာ ​ခြောက်​​အောင်​ လုပ်​​ပေးလိုက်​တယ်​။

ဝမ်​ကွမ်းနင်​ ဆံပင်​ မတိရ​သေးတာမို့ သိပ်​လည်း မနူးညံ့၊ သိပ်​လည်း ကြမ်း​ထော်​မ​နေပဲ အနည်းငယ်​ရှည်​​နေတယ်​။ ကျန်းလင်းရီ တမင်​တကာ ဆံပင်​​တွေ ကလိ​ချင်​​နေ​ပေမဲ့ ​ယောက်ျားတစ်​​ယောက်​ရဲ့ ဆံပင်​က ဘာများ ဆက်​လုပ်​လို့ ရလို့လဲ?

ပြီး​တော့ ဝမ်​ကွမ်းနင် ဆံပင်​က လိုတိုရှင်း တိ ထားတာမို့ သူ ​လေမှုတ်​​ပေးတာ သိပ်​အ​ထွေအထူး စိတ်​ရှည်​​နေစရာမလိုဘူး၊ အဲ့တာ​ကြောင့်​ သူခပ်​တည်​တည်​နဲ့ အကြာကြီး အချိန်​ဆွဲ​နေတာ ပြီးပဲ မပြီး​တော့မလိုနဲ့ပဲ .....

ဖြစ်​ချင်​​တော့ ဝမ်​ကွမ်းနင်​က သိသိသာသာကို စိတ်​ရှည်​ မ​နေဘူး .....

"ကျန်းလင်းရီ .... မင်းနည်းလမ်းကို ဒီထက်​ဆိုး​အောင်​ လုပ်​ရဲတယ်​လား? ငါ့မျက်​လုံးကို ထပ်​မမှုတ်​နဲ့​တော့ ......"

"ကျန်းလင်းရီ.. .... မင်း ဒီအခွင့်​​ကောင်းယူပြီး ငါ့ဆံပင်​​ မီး​လောင်​တိုက်​သွင်းချင်​​နေတာလား....?!!"

ကံ​ကောင်းစွာနဲ့ပဲ ဆံပင်​က မြန်​မြန်​နဲ့ ​ခြောက်​သွားတယ်​။

သူ့ဆံပင်​​ခြောက်​တာနဲ့ ဝမ်​ကွမ်းနင်​ ချက်​ချင်း ကျန်းလင်းရီ လက်​ထဲက hair dryer ကို လုယူလိုက်​တယ်​။

"ရပြီ .... ရပြီ .... မင်း သွားပြီး ​ရေမြန်​မြန်​ ချိုးသင့်​ပြီ"

ကျန်းလင်းရီ စိတ်​ဝင်​တစားနဲ့ လုပ်​​နေတာမို့ လက်​မလွတ်​ချင်​သလိုနဲ့ နှုတ်​ခမ်း​ထော်​​နေတယ်​။

"Shou shou, ကိုယ့်​ကို ခဏ​စောင့်​၊ ကိုယ်​ ​ခေါင်း​လျှော်​ပြီးတာနဲ့ မင်းအဖို့ ဆံပင်​မှုတ်​ခိုင်းမယ်​"

ကျန်းလင်းရီ သူကိုယ်​တိုင်​ ​ပြောခဲ့သလိုပဲ ​ရေချိုးခန်းထဲက ​ပြေးထွက်​လာပြီး ဆံပင်​​ရေစိုဖြင့်​ စိတ်​လှုပ်​ရှား​နေတဲ့ အသံနဲ့ ~

Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)Donde viven las historias. Descúbrelo ahora