ABG30D:004(b)

5.4K 644 48
                                    

______________________________
______________________________

PART TWO

______________________________
______________________________

ကျန်းလင်းရီ လက်​တစ်​ဖက်​က သူတို့ အဝတ်​အစားအိတ်​ ဆွဲထားတယ်​။ ဝမ်​ကွမ်းနင်​ ​ပြောတာ ကြားရ​တော့.. ..
"မဖြစ်​ဘူး .. ငါ​ လက်​တန်းဆွဲ​ဖို့ လက်​အပိုမပါဘူး"

"အဲ့ လက်​ကိုင်​တန်းကို မကိုင်​ရရင်​ မင်း​သေသွားမှာမို့လို့လား?"

ဝမ်​ကွမ်းနင်​ အသံအုပ်​​ပြောပြီး ကျန်းလင်းရီရဲ့ လက်​ကို ​ဆောင့်​ဆွဲလိုက်​တယ်​၊ ပြီး​တော့ ခပ်​တင်းတင်းသာ ဆုပ်​ကိုင်ထားလိုက်​တယ်​။

"​ဟေး .. မင်း ...."

ကျန်းလင်းရီ ဆိုးဆိုးဝါးဝါး မတုံပြန်​ခင်​မှာပဲ ဝမ်​ကွမ်းနင်​ ရဲ့ အကြည့်​စူးစူးတစ်​ချက်​ကို ရရှိလိုက်​တယ်​။ 'ငါ လက်​ကိုင်​တစ်​ခု ဆွဲကိုင်​ထားတယ်​... အကယ်​၍ မင်း​သေချာ မတ်​တပ်​မရပ်​နိုင်​ရင်​ ငါ့လက်​ကို ခိုထားလို့ ရတယ် .. ငါမင်းကို ​သေချာ ကိုင်​ထား​ပေးမယ်​' လို့ ​ပြော​နေသ​ယောင်​။

နောက်​​တော့ ဝမ်​ကွမ်းနင်​ အသံတိုးတိုးနဲ့ "ဟိုဖက်​က ​ကောင်​မ​လေး​တွေ ကြည့်​​နေတယ်​ .. ကြည်​ကြည်​နူးနူးနဲ့ ​ပျော်​​ပျော်​ရွှင်​ရွှင်​ ​နေမယ်​ ....​သေချာမှတ်​ .... ကြည်​ကြည်​နူးနူးနဲ့ ​ပျော်​​ပျော်​ရွှင်​ရွှင်​ ​နေမယ်​"

အဲ့​တော့မှပဲ ကျန်းလင်းရီ အခုလက်​ရှိ သူတို့ရဲ့ အ​ခြေအ​နေကို ပြန်​သတိဝင်​သွားတယ်​၊ နူးညံ့တဲ့ အကြည့်​နဲ့ ဝမ်​ကွမ်းနင်​ကို ပြန်​ကြည့်​လိုက်​ပြီး သူ့လက်​ကို ဖျစ်​ညှစ်​ ဆုပ်​ကိုင်​လိုက်​တယ်​။

"ချီး .. ငါလက်​ တအား မဆုပ်​နဲ့ဟ"

ဝမ်​ကွမ်းနက်​ မျက်​နှာက နာကျင်​မှု​ကြောင့်​ ရှုံ့မဲ့​နေတယ်​။

"No, ငါမင်း ကို လက်​မလွှတ်​​ပေးနိုင်​ဘူး" .. ကျန်းလင်းရီ မဟားတရားကို ချိုမြိန်​တဲ့ ​လေသံနဲ့ ​ပြန်​​ပြောလိုက်​တယ်​။

တဆက်​တည်းမှာပဲ ကြည်​နူးဖွယ်​​ကောင်းတဲ့ ရိုမန်​တစ်​ဆန်​ဆန်​ လက်​ကိုင်​ထားကြတဲ့ မြင်​ကွင်းတစ်​ခု ရထား​ပေါ်မှာ ထင်​ထင်​ရှားရှား ​ပေါ်ထွက်​လာတယ်​။

Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)Where stories live. Discover now