ABG30D:013(a)

4.7K 494 46
                                    

NOTE - Those who're unable to recall the last scene, please make a visit to the previous chapter! Thanks!

[Edit - Make sure to leave comments (I love to read them 😍) or else I'ld be think of my translation skills are underneat to read conveniently]
________________________________

DAY TEN【တ​ယောက်​ကို​တ​ယောက်​ ဆံပင်​​ခြောက်​​​အောင်​ သုတ်​​ပေးခြင်း၊ ​လေမှုတ်​စက်​အသုံးပြုခြင်း၊ ရုပ်​ရှင်​အတူကြည့်​သည့်​အခါ တ​ယောက်​​ပေါင်​​ပေါ် လဲ​လျောင်းခြင်း၊ တ​ယောက်​စားဖို့အတွက်​ အစားအစာကို တခြားမှ မှာယူ​ပေးခြင်း】

______________________________
______________________________

ကျန်းလင်းရီ ဟာ ​ပေါ​တော​တော အရူးလို​ကောင်​ ဆို​ပေမဲ့ ဧည့်​သည်​လာရင်​​တော့ ဧည့်​ဝတ်​​ကျေပွန်​တဲ့ အိမ်​ရှင်​တ​ယောက်​ဖြစ်​ဖို့ စိတ်​ဆန္ဒရှိတယ်​။ အိမ်​မှာ ဘယ်​သူမှ ရှိမ​နေတာမို့ သစ်​သီး​တွေမ​တွေ့မိ၊ ဒါ​ပေမဲ့ မုန့်​​တွေ၊ ဘီစကစ်​​တွေ၊ သကြားလုံး​ နဲ့ အသား​ခြောက်​​တွေ​တော့ ​တွေ့တယ်​။ သူ အကုန်​လုံးကို စားပွဲ​ပေါ်မတင်​ချင်​ဘူး၊ တင်​ထားရင်​ ​နေရာယူတာ များသွားမှာစိုးလို့ ဒီအတိုင်း ကြမ်းပြင်​​ပေါ် ပုံချလိုက်​တယ်​။

တောင်​ပိုင်းမှာ ပူပြင်းမှု မရှိ၊ အိမ်​တွင်းကလည်း အပူချိန်​ နိမ့်​​နေတာ​မို့ ဝမ်​ကွမ်းနင်​ ချမ်းမှာကို သူ​ကြောက်​မိတယ်​။ အဲ့တာ​ကြောင့်​ အ​မွှေးပွ​ ​စောင်​တထည်​ ရှာပြီး ကိုယ့်​ကိုယ်​ကို ပတ်​ထားဖို့ ဝမ်​ကွမ်းနင်​ကို ​ပေးလိုက်​တယ်​။

ရှိသမျှ အကုန်​ မြန်​မြန်​ ပြင်​ဆင်​ပြီး ​နောက်​ဆုံး​တော့ ကျန်းလင်းရီ စာကြည့်​ခန်းထဲ ပြန်​သွားတဲ့အခါမှာ ဝမ်​ကွမ်းနင်​ စားပွဲပုတစ်​လုံးပို မှန်​ပြတင်းနား ချထားတာကို ​တွေ့လိုက်​ရတယ်​။

ဆိုဖာအကြီးကြီး​ထဲ မြှုပ်​​နေပြီး ပြတင်း​ပေါက်​တဲ့ ပျင်းရိ​လေးတွဲ့စွာ မှီထားတဲ့ ဝမ်​ကွမ်းနင်​၊ အ​မွှေးပွ​စောင်​က ဒူး​ပေါ် လုံး​ထွေးတင်​ထားပြီး ​အောက်​မှာ​တော့ မုန့်​​တွေက အပုံလိုက်​ ....

ဒါဟာ လူ​တွေအတွက်​ မနာလိုပြီး မုန်းချင်​စရာ​ကောင်းတဲ့ မြင်​ကွင်းတစ်​ခု ဆို​ပေမဲ့ ကျန်းလင်းရီ အကြည့်​​တွေ ​ရောက်​သွားတာနဲ့ 'ဝက်​က​လေး​ ​စောင်​ပတ်​ပြီး မုန့်​​တွေ ပတ်​ခြံရံထားတာ နဲ့ တူ​နေတဲ့ မြင်​ကွင်း' ဖြစ်​သွားတယ်​။

Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)Where stories live. Discover now