ABG30D:005

5.5K 738 104
                                    


“gay couples ‘exercising’ together will easily be wounded”

DAY TWO 【အတူတကွ ​ပြေးခြင်း၊ ​လေ့ကျင့်​ခန်း ပြုလုပ်​ခြင်း နှင့်​ Basketball ကစားခြင်း】

______________________________
______________________________

ဒီ​နေ့ ရာသီဥတုက ​ခြောက်​​သွေ့​ပေမဲ့ သာသာယာယာ ရှိလှတယ်​။

အားကစားဝတ်​စုံဝတ်​ထားကြတဲ့ ဝမ်​ကွမ်းနင်​ နဲ့ ကျန်းလင်းရီတို့ ​ဖော်​​ဖော်​​​ရွေ​ရွေ နဲ့ အားကစားကွင်းထဲက အတွင်းဖက်​ ​ပြေးလမ်း​ပေါ်မှာ ​တွေ့ကြတယ်​။

"ဒီ​ပြေးလမ်း​ပေါ်မှာ အတူ​ပြေးတယ်​ ဆိုတဲ့ ဒီ အိုင်​ဒီယာက Gay အဖြစ်​ တကယ်​ ထင်​ဟပ်​​စေမယ်​လို့ မင်းထင်​လား?"
ဝမ်​ကွမ်းနင်​ မျက်​နှာက ယုံကြည်​မှု ကင်းမဲ့​နေတယ်​။

"မဟုတ်​ရင်​ ဘာလဲ? မင်းက ​ပြေး​နေရင်းနဲ့ လက်​ပါ ကိုင်​ချင်​လို့လား?" ... ကျန်းလင်းရီ မျက်​စိတဖက်​ မှိတ်​ပြရင်း ​ပြောလိုက်​တယ်​။

ဝမ်​ကွမ်းနင်​ ​လက်နှစ်​ဖက်​ကို ယမ်းခါ​နေရင်း ​​သေချာစဉ်းစား​နေတယ်​။

"​အေး ငါတို့ အဲ့အတိုင်း လုပ်​သင့်​တယ်​"

************

မကြာမီမှာပဲ ​ပြေးလမ်း​ပေါ်မှာ သမိုင်းတွင်​မဲ့ မြင်​ကွင်းတစ်​ခု ​ပေါ်လာတယ်​။ Xiao Cao နှစ်​​ယောက်​ဖြစ်​တဲ့ ဝမ်​ကွမ်းနင်​နဲ့ ကျန်းလင်းရီတို့ဟာ ရွရွ​လေး ​ပြေး​နေကြတယ်​။ ပြီး​တော့ တ​ယောက်​နဲ့ တ​ယောက်​ တကယ့်​ကို နီးစပ်​​နေသလိုပဲ။

ကံမ​ကောင်းစွာပဲ မနက်​ခင်းဖက်​မှာ လူသိပ်​မရှိဘူး ... သို့​ပေမဲ့ အိပ်​ချင်​မူးတူးနဲ့ လူတချို့​ရှိတယ်​။ ထူးဆန်းတဲ့ မြင်​ကွင်းကို ​တွေ့ကို မျက်​လုံး​တွေ ပြူးကျယ်​သွားတယ်​၊ ​သေချာ​အောင်​ မျက်​လုံးပွတ်​​နေစဉ်​မှာပဲ ဝမ်​ကွမ်းနင်​နဲ့ ကျန်းလင်းရီတို့ ​ပြေး​နေတာ ပြီးသွားတယ်​။

အတွင်းဖက်​ ​ပြေးလမ်းဟာ ​ကျောင်းတွင်းမှာရှိတဲ့ အ​ပျော်​တမ်း​ပြေးလိုကြတဲ့ ​ကျောင်းသား​ကျောင်းသူ​တွေအတွက ပထမဦးစား​ပေး ​ရွေးချယ်​မှုတစ်​ခု ဖြစ်​တယ်​။ ​ကျောင်းသား​တွေအတွက်​ဆိုရင်​ ပုံမှန်​အားဖြင့်​ နာရီဝက်​​လောက်​ ​ပြေးရတယ်​။ အဲ့တာ​ကြောင့်​ ​ပြေး​နေတဲ့ အ​တောအ​တွင်း နှစ်​​ယောက်​သား ပျင်းလာကြ​တော့ စကား စ​ပြောလာကြတယ်​။

Agreement of Being Gay for 30 Days - Myanmar Translation (HIATUS)Where stories live. Discover now