Part-32 Final Part

10.2K 593 125
                                    

Black Group ၏ စီးပွားရေးလုပ်ငန်းစုကြီးသည် ဥက္ကဌ သေဆုံးပြီးချိန်မှစကာ- Krist ၏ တောင်းဆိုမှုဖြင့် Off ကိုယ်တိုင်ဦးစီးကာ တရားမ၀င်လုပ်ငန်းများကို သက်ဆိုင်ရာနှင့်ပေါင်းလျက် အကုန်ဖော်ထုတ်ခဲ့သည်။ ကျားသစ်အဖွဲ့ကိုတော့ မဖျက်သိမ်းဘဲ လုပ်ငန်းစုတွင် မတရားတာ မလုပ်နိုင်စေရန် ဆက်လက်ဖွဲ့စည်းထားခဲ့သည်။
ဆရာဝန်များမှ တာဝန်ခံလျက် လူမှားကြေငြာမိခြင်းဟု အမည်တပ်ကာ သေဆုံးသူနာမည်ကို Arthit အဖြစ်ပြန်ပြောင်းလဲခဲ့သည်။ မိသားစုဆရာဝန်ကြီးများပေပဲမို့ ကိစ္စအားလုံးက အဆင်ပြေပြေချောချောမွေ့မွေ့ပင်ဖြစ်ခဲ့၏။ ထွက်ပြေးတိမ်းရှောင်နေသည့်Mr.Jorသည်လည်း များမကြာမီ ဖမ်းဆီးခံရပြီး Laven ကလည်း ကလပ်တွင်တရားမ၀င်ဆေးရောင်းဝယ်မှုများဖြင့် ပြစ်ဒဏ်ကျခံရသည်။ ပြန်လည်ရရှိလာသော ဘယက်ကိုလည်းလေလံတင်ရောင်းချကာ နဂိုရည်ရွယ်ချက်အတိုင်း Por နှင့် Arthit ကိုရည်စူးလျက် ဆေးရုံနှင့်ကျောင်းများ ဆောက်လုပ်လှူဒါန်းခဲ့သည်။
ယခုတွင်တော့ မုန်တိုင်းများအားလုံးသည် အေးချမ်းသွားခဲ့ပါပြီ။

“အသိဥာဏ်ပျောက်ပြီး လာမတွေ့နိုင်ခဲ့လို့တောင်းပန်ပါတယ် P’Oak ။ ..စိတ်ထားကောင်းတဲ့သူမို့ကောင်းရာမွန်ရာ ရောက်နေမှာလို့ ကျွန်တော်ယုံတယ်။ ကျွန်တော့်ကိုစိတ်မပူပါနဲ့နော်.ခုဆို ကျွန်တော့်မှာ အကို သုံးယောက်တောင်ရှိနေပြီ..”

“ကိုယ်က မင်းအကိုမှ မဟုတ်ဘဲ.”

“အာ-P’Off လိုက်ကပ်သပ်ပြန်ပြီ.။ P’Off က ကျွန်တော့်ချစ်သူ ကဲ--ဟုတ်ပြီလား.”

ပြီးတာပဲဆိုသည့်သဘောနှင့်လူကြီးကို Gun ရယ်ချင်သွားသည်။ P’Off သူ့ကိုသိပ်ချစ်တာကိုလည်းသူသိပါသည်။ ခွဲစိတ်ပြီးသည့်အချိန်မှ စ တစ်ဖ၀ါးမှ အပျောက်မခံရလေအောင်ချစ်ပြတော့ တစ်ခါတစ်လေ P’Sing နှင့် P’Kit တို့ကပါ လိုက် စနောက်သည်။

ထိုအချိန်မျိုးတွင် ရှက်နေသည့် Gun ကို P’Off က ရင်ခွင်ထဲ ထည့်ဝှက်ထားရပုံကို အတော်ကြိုက်ပုံရသည်။

“ဖြည်းဖြည်းချင်းဆီပဲလျှောက်နော် Kit .အရမ်းမလျှောက်နဲ့ဦး..”

“အသာလုပ်ပါ Singto ရယ်.မသိရင် အများက Krist မှာကိုယ်ဝန်ရှိနေတယ်ထင်ပါဦးမယ်”

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now