Part-7

4.6K 469 35
                                    

Black Group ရုံးချူပ်၏ အစည်းအဝေးခန်းမတွင် နောက်ဆုံးဝင်လာသည့် Mr.Chae ကိုမြင်တော့ Off မျက်ခုံးတို့ အနည်းငယ်ပင့်တက်သွားရသည်.။သန်ဘက်ခါမှ ပြန်လာမည်ဟုသိထားသည့် လူက ခုတော့ စည်းဝေးခန်းမထဲကို တောင်ရောက်လေသည်.။နောက်ကများတစ်ယောက်ယောက်ပါလာဦးမည်လား မော့ငေးကြည့်မိတော့ မည်သူမျှ ထပ်ဝင်မလာတော့ပါ.။

“ကဲ ဥက္ကဌကြီးလည်း ရောက်ပြီဆိုတော့ ကျွန်တော်တို့ မဟူရာ ဟိုတယ်လုပ်ငန်းပိုင်းရဲ့ အစည်းအဝေးစလိုက်ကြရအောင်ဗျာ.”

ဥက္ကဌကြီး Mr.Chae ၏ အတွင်းရေးမှူး လောဆော်မှုအပြီးတွင် စာရွက်စာတမ်းဖိုင်များ ၊ ပရိုဂျက်တာတွင် ရှင်းပြအစီရင်ခံမှု များနှင့် Off လည်း အလုပ်ထဲတွင် အာရုံရောက်သွားတော့သည်.။စားပွဲက ဘဲဥပုံစံအရှည်ဖြစ်ပြီး ထိပ်ဆုံးတွင် Mr.Chae က နေရာယူသည်.။Mr.Chae ၏ ညာဘက် ကပ်ရပ် Off ၏ ဘေးဘက်က ဒုဥက္ကဌ ၏ နေရာကတော့ လစ်လပ်လျက်ရှိသည်.။
အစည်းအဝေးတွင်တော့ ထုံးစံအတိုင်း Mr.Jor နှင့် သမီးဖြစ်သူ Laven တို့က တစ်ဖက်… Off တို့၏ လူတွေက တစ်ဖက် အမြင်မတူကန့်ကွက်မှုများဖြင့် အဆုံးသတ်သည်.။တစ်ခါတစ်လေတော့လည်း သာမန်စီးပွားရေးလောကထက် ရှုပ်ထွေးလှ သည့် ဤ မဟူရာ အုပ်စု ၏ လုပ်ငန်းစဉ်တို့ကို စိတ်ပျက်ငြီးငွေ့လှပါသည်.။

အစည်းအဝေးပြီးဆုံး၍ အားလုံးထွက်သွားသည့်အချိန်မှ Off နောက်ဆုံးကနေ ထွက်လာခဲ့သည်.။ တတိယထပ်ရှိ ခန်းမပေမို့ ဒုတိယထပ်ရှိ မိမိရုံးခန်းကိုသွား၇န် စက်လှေကားဖြင့် ဆင်းလာချိန် Lobby ထောင့်နံရံတစ်နေရာတွင် မှီလျက်လက်ပိုက်ရပ်နေ သူကိုမြင်တော့ ယနေ့အတွက်ဒုတိယမ္မိ မျက်ခုံးပင့်ရပြန်သည်.။
ရုံးကိုလာခဲသည့် Arthit က အဘယ်ကြောင့်ရောက်ရှိနေပါသနည်း.။

“Ar-”

ဆုံးအောင်တောင်မခေါ်လိုက်ရပါ.။အနားရောက်မှ သေချာမြင်ရသည့်မျက်နှာကြောင့်ခပ်တိုးတိုးဆဲရေးလိုက်သည်.။

“Krist !!! ”

“ဘယ်လိုလဲ ?? Baby Off.. ကိုယ့်ကိုလွမ်းနေတယ်ဟုတ်..”

“သေမလို့ Baby Off. လား ??ဖယ်စမ်းပါကွာ..အတင်းရော ကာရော..”

အသက်ရှုကြပ်မတတ်ဖယ်တွယ်ထားသည်ကို မနည်းဖယ်ထုတ်ရသည်.။Krist က ရယ်နေ၏။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now